spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီရွာတွင် နေအိမ်စျေးဆိုင်ထဲထိ ဝင်ရောက်လုယက်မှုဖြစ်

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီရွာတွင် နေအိမ်စျေးဆိုင်ထဲထိ ဝင်ရောက်လုယက်မှုဖြစ်

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီကျေးရွာအရှေ့ပိုင်းရှိ နေအိမ်စျေးဆိုင်တစ်ခုတွင် လက်နက်ကိုင်ဆောင်ထားသူ နှစ်ဦးက ဝင်ရောက်လုယက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်က လှိုင်ကနီကျေးရွာအရှေ့ပိုင်းနေ နိုင်ထွန်းဦးနှင့် မိမဖဲတို့၏ နေအိမ်စျေးဆိုင်ထဲကို လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသား နှစ်ဦးက ဝင်ရောက်လာပြီး ရွှေ၊ ငွေများ ထုတ်ပေးရန် အိမ်ရှင်ကို ပြောဆိုခဲ့ကြောင်း ဆိုသည်။

    “ညက လှိုင်ကနီကျေးရွာမှာ ဓားမြတိုက်ခံရတယ်။ လူနှစ်ယောက် အိမ်ထဲကို ဝင်လာပြီးတော့ အိမ်ရှင် နိုင်ထွန်းဦးနဲ့ မိမဖဲကို သေနတ်တွေနဲ့ ထောက်ထားပြီး အိမ်ပေါ်ထပ်ကနေ ရွှေတွေ သွားယူပေးဖို့ ပြောတယ်။ အိမ်ရှင်တွေကလည်း ရွှေမရှိပါဘူး။ သူများပိုက်ဆံနဲ့ ဈေးရောင်းနေရတာပါလို့ ပြောတယ်။ အဲတော့ အဲမှာရှိတဲ့ ဖုန်းနှစ်လုံးကို ယူဆောင်သွားလိုက်တယ်။ သေနတ်တွေနဲ့ ထောက်ထားတော့ မအော်ရဲကြဘူး။ အဲလူနှစ်ယောက်က စစ်သားဝတ်စုံနဲ့ပဲ။ ပြီးတော့ မွန်စကားပဲ ပြောနေကြတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    နေအိမ်စျေးဆိုင်ထဲ ဝင်ရောက်လုယက်ခဲ့သူ နှစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်းမရှိသေးသလို ဖမ်းဆီးရမိနိုင်ရေး ဒေသတွင်း လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။

    “အဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ AD က ရှာဖွေ စုံစမ်းနေကြတယ်။ သတင်းအစနတော့ မရသေးဘူး။ လောလောဆယ် ဒေသခံတွေကတော့ ကြောက်စိတ်ဖြစ်နေကြတာပေါ့” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    လှိုင်ကနီကျေးရွာသည် မွန်ပြည်သစ်ပါတီ NMSP-AD ထိန်းချူပ်ထားသည့် နယ်မြေဒေသအတွင်း တည်ရှိပြီး လုံခြုံရေးတင်းကြပ်ထားသည့်ကြားတွင် ယခုလို အိမ်ထဲထိဝင်ရောက်လုယက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks