Homeသတင်းARSA တပ်စခန်း လေးခုကို AA သိမ်းပိုက်

ARSA တပ်စခန်း လေးခုကို AA သိမ်းပိုက်

-

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ပတ်ဝန်းကျင်တွင် ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အခိုင်အမာစခန်းချထားသည့် နေရာ ၄ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။

ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းကျေးရွာ အနောက်မြောက်ဘက် တောင်တန်းတွင် AA နှင့် ARSA လက်နက်ကိုင်တပ်ဖွဲ့တို့ကြား အောက်တိုဘာလ ၁၉ ရက်နေ့ကစကာ ထိတွေ့တိုက်ပွဲ ငါးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် ARSA တပ်ဖွဲဝင်များ အခိုင်အမာစခန်းချ နေထိုင်ခဲ့သည့် နေရာ လေးခုကို AA သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ARSA စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည့်အပြင် ARSA လက်နက်ကိုင်တပ်ဖွဲဝင် အလောင်းအချို့လည်း သိမ်းဆည်းရမိသည်ဟု AA က ထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည်ကလည်း မောင်တောမြို့နယ်၊ ဂြင်းတောစခန်း၏ အရှေ့ဖက်တွင် AA နှင့် ARSA တပ်ဖွဲ့တို့ကြား မိနစ်အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

AA အနေဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်တွင် ARSA ၊ RSO ၊ ARA လက်နက်ကိုင်တပ်ဖွဲဝင်များ ခိုအောင်းနိုင်သော နေရာများနှင့် စစ်ကောင်စီမှ သင်တန်းပေးထားပြီး လက်နက်တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်တို့ကို လိုက်လံရှင်းလင်းလျက်ရှိသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း AA က လက်လှမ်းမမှီသေးသော နေရာအချိုနှင့် တောထူထပ်သည့် တောင်တန်းများထဲတွင် ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့တို့က တပ်စခန်း အခိုင်အမာတည်ဆောက်ပြီး ခိုအောင်းလျက်ရှိသည်ဟု AA က ဆိုထားသည်။

ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲဝင်များသည် အရပ်သားပြည်သူများကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ သတ်ဖြတ်သွားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းလုပ်ရပ်များကို ဆက်တိုက် ကျူးလွန်နေသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

၎င်းပြင် ARSA ၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့တို့က စစ်ကောင်စီနှင့် ပူးတွဲစစ်ရေးလှုပ်ရှားကာ AA လာရောက်တိုက်ခိုက်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts