Homeသတင်းစစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား (၈) ဦးသေဆုံး

စစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား (၈) ဦးသေဆုံး

-

မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ထံမှ သိရသည်။

မြန်မာပြည်တောင်ပိုင်တွင် စစ်ရေးပဋိပက္ခ ပြင်းထန်လာမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေလဲ ဆိုးရွားလာနေသည်ဟု ဆိုသည်။

အောက်တိုဘာလပထမအပတ်အတွင်း၌ စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် သတ်ဖြတ်ခံရသူ ၈ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၄ ဦးနှင့် ဖမ်းဆီးခံရသူ ၂၄ ဦးထက်မနည်းရှိသည်ဟု HURFOM ၏ အချက်အလက်များအရ သိရသည်။

သေဆုံးသူများသည် မွန်ပြည်နယ်က သုံးဦး၊ ကရင်ပြည်နယ်က တစ်ဦးနှင့် တနင်္သာရီတိုင်းက အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လေးဦး ပါဝင်သည်။

“လူအခွင့်အရေးချိုးဖောက်မှုတွေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ ဒီ ၂၀၂၄ မှာဆိုရင် မကောက်နိုင်အောင်ပါပဲ။ ဒေသအာလုံးတွေမှာ ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အတက်အကျကတော့ တိုက်ပွဲပေါ်မူတည်တာပေါ့။ တိုက်ပွဲပြင်းထန်ပြီး သူတို့ (စစ်တပ်) ခံရရင် အရပ်သားတွေကို ပြဿနာရှာမယ်။ အဲဒီနေရာမှာ တိုက်ပွဲဖြစ်များတယ်။ အဲဒီနေရာမှာ စစ်ကောင်စီတပ်တွေ ကြပ်လာပြီးဆိုရင် အရပ်သားတွေကိုပဲ ပစ်မှတ်ထားလာတယ်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ရှိသူ နိုင်အဲမွန်က ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရသူအများစုသည် မတရားဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ စစ်ကြောမေးမြန်းမှု ပြုလုပ်ပြီး ရိုက်နှက်ခံရခြင်း၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် မြေမြုပ်မိုင်းနင်းမိခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းပြင် စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်ဆက်စပ်မှုရှိသည်ဆိုပြီး အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးမှုလည်း ပိုမိုလုပ်ဆောင်လာကြောင်း၊ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း HURFOM က ဆိုထားသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM က ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ စက်တင်ဘာအတွင်းက မြန်မာပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ် လူအခွင့်အရေးချို့ဖောက်မှုကြောင့် အနည်းဆုံး ၃၃ ဦး သေဆုံးပြီး၊ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရကာ ဖမ်းဆီးခံရသူ ၆၆ ဦးထက်မနည်း ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts