spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအစင်ကျေးရွာက ရေလုပ်သားတွေလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

    အစင်ကျေးရွာက ရေလုပ်သားတွေလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ကျားတန်းဘက်က ရေလုပ်သားတို့တွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ရေးမြို့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေရသည်လည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    အစင်ကျားတန်းက ရေလုပ်သားများ စက်တင်ဘာလ တတိယအပတ်ခန့်ကစပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားလာကြောင်း လတ်တလော ရေဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရသူ ၄ ဦးရှိသည်ဟု ရေလုပ်သားများကို အကူအညီပေးနေသူတစ်ဦးက ဆိုသည်။

    “ဝမ်းပျက်ရောဂါအခြေအနေကကျ တစ်ယောက်စနှစ်ယောက်စနဲ့ ဖြစ်နေတယ်။ အများကြီးတော့ မဟုတ်ဘူး။ အစားအသောက်လည်းမမှားဘူး ပုံမှန်အတိုင်းပဲ ဖျားချင်သလိုလိုဖြစ်ပြီးတော့ ဝမ်းပျော့တယ်။ ပြီးတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်သွားတာပဲ။ လောလောဆယ် ကျတော်တို့ကျားတန်းဘက်မှာဆိုရင် ပင်လယ်သားတွေ တံငါရပ်ကွက်လေပေါ့ အဲဒီမှာ လက်ရှိဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသည့် တံငါရပ်ကွက်တွင် အသွားအလာကန့်သတ်ထားပြီး ဝမ်းပျက်ဝမ်းလျှောကြောင့် လူသေဆုံးမှုမရှိသေးသော်လည်း သတိပြနေထိုင်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။

    စက်တင်ဘာလ ပထမအပတ်အတွင်းကလည်း ကျိုက္ခမီပင်လယ်ပြင်က ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဖြစ်ပွားခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောကြောင့် ရေလုပ်သား ၆ ဦးထိ သေဆုံးသွားခဲ့သည်။

    လက်ရှိတွင်လည်း ရေလုပ်သားများအပြင် မြို့ခံအချို့လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေပြီး ကျိုက်ခမီဆေးရုံတွင် ဆေးကုသခံနေရသူ ရာဂဏန်းထိ ရှိလာနေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူတို့ထံမှ သိရသည်။

    ကျိုက္ခမီပင်လယ်ပြင်တွင် ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးသွားခဲ့သည့် ရေလုပ်သားရုပ်အလောင်းအချို့ကို ဓမင်းဆိပ်ကမ်းမှတဆင့် ကူညီပို့ဆောင်နေရသည်ဟု ရေးမြို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “လောလောဆယ် ကျိုက်ခမီမှာ Lockdown ချထားတော့၊ ကျိုက်ခမီ ပင်လယ်သားတွေ တစ်ခုခုဖြစ်ရင် ဓမင်းဆိပ်ကနေပဲသယ်ရတာ။ အခုဆို ဓမင်းဆိပ်ရွာသားတွေက ပေးမသယ်တော့ဘူးလေ။ သေချာစစ်ဆေးပြီးတော့မှ ပေးသယ်တယ်။ ရွာကလူတွေကို ထိမှာစိုးတယ်လေ။ ကျိုက်ခမီပင်လယ်သားတွေ တစ်ယောက် နှစ်ယောက် သေနေတာတော့ရှိတယ်” ဟု ဆိုသည်။

    ကျိုက္ခမီမြို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပျံ့ပွားမှုကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး စားသောက်ဆိုင်များ၊ ထမင်းဆိုင်များအပါအဝင် လမ်းဘေးဈေးဆိုင်များ ယာယီပိတ်ထားရန် မြို့အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက်ထုတ်ထားသည်။

    ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားနေသည်နှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်း၊ ကြက်ခြေနီတပ်ဖွဲ့တို့မှ ကလိုရင်းဆေးဝေပေးတာ၊ ကျန်းမာရေးအသိပညာပေးတာတွေသာ ဆောင်ရွက်နေပြီး စစ်ကောင်စီ ကျန်းမာရေးဌာနက ထိရောက်သည့် ကာကွယ်ကုသမှုပိုင်းဆိုင်များ လုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts