Homeသတင်းရေးမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းကို စစ်တပ်မှဆက်တိုက် စစ်ကြောင်းထိုး

ရေးမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းကို စစ်တပ်မှဆက်တိုက် စစ်ကြောင်းထိုး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဘက်ကို စစ်တပ်မှ ဇွန်လလယ်ပိုင်းစမှစ၍ ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်လာနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များအရသိရသည်။

ယခုရက်ပိုင်းအတွင်း ရေးမြို့အခြေစိုက် စကခ ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကြောင်း ကျောင်းရွာကျေးရွာလမ်းပိုင်းတွင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည်။

အဆိုပါစစ်ကြောင်းမှ  ကျောင်းရွာကျေးရွာလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသည့် ထုလုံးကားများ၊ ဆိုင်ကယ်ဖြင့်သွားလာသူများထံ ငွေကြေးတောင်းခံခြင်းနှင့် ခြံအတွင်းရှိဒေသခံများကို မြို့ပေါ်ပြန်ခိုင်းခြင်းတို့ကို လုပ်ဆောင်နေသည်။

ရေးမြောက်ပိုင်းမှ ဒေသခံတစ်ဦးက “အခုရေးမြောက်ပိုင်းစစ်ကြောင်းထိုးနေတာက ကလို့တုတ် ကျေးရွာဘက်ကို ရောက်နေတယ်။ ရေးတောင်ပိုင်းမှာဆို အင်အား ၁၃၀ လောက်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းက ကျုံလောင်းရွာသစ်ကနေပြီး ကျောင်းရွာလမ်းအတိုင်း စစ်ကြောင်းထိုး သွားပြီးတော့ လိပ်ပုတ်ဘက်ကိုဦးတည်နေတယ်” ဟု ၎င်းကပြောသည်။

ရက် ၁၀၀ စီမံကိန်းအရ စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ရေးဒေသတစ်ဝိုက် PDF များရှိရာနေရာသို့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများပြုလုပ်သွားမည့်အနေအထားရှိကြောင်းလည်း သူက သုံးသပ်သည်။

ရေး-ကျောင်းရွာလမ်းတစ်လျှောက် စစ်ကြောင်းထိုးမှုအပါအဝင် လေကြောင်းစိုးရိမ်မှုကြောင့် ကျောင်းရွာအုပ်စု၊ နတ်ကြီးကျေးရွာမှ ဒေသခံများညဘက်တွင် လုံခြုံသည့်နေရာများသို့ တိမ်းရှောင်နေရသည့်အနေအထားဖြစ်နေသည်။

ကျောင်းရွာဒေသခံအမျိုးသားတစ်ဦးက‌ “စစ်သားတွေလှုပ်ရှားတော့သူတို့ လန့်နေ့ကြတယ်၊ လေကြောင်းလည်း စိုးရိမ်ရတော့ ညဘက်ဆိုရွာမှာ မအိပ်ရဲ ကြတော့ဘူး၊ နေ့ဘက်ဆိုဝမ်းစာအတွက်ကို ကိုယ့်လုပ်ငန်းခွင်ကို အခြေအနေကြည့်ပြီးသွားရလာရတာပေါ့” ဟုပြောသည်။

လက်ရှိ စစ်တပ်စစ်ကြောင်းထိုးမှုဟာ စစ်ရေးအရ နယ်မြေစိုးမိုးမှုကို ပြန်ရယူလိုသည့်အခြေအနေဖြစ်နိုင်ပြီး၊ လေကြာင်းလိုင်းကိုလည် ပိုသုံးလာနိုင်ခြေရှိသောကြောင့် ဒေသခံများလုံခြုံရေးသတိပြုရမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တိုက်တွန်းလျှက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသအတွင်းရှိ နီပွန်ဖောင်ဒေးရှင်း ဒုက္ခသည်စခန်းနေရာကို စစ်ကော်မရှင်မှ လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခဲ့သဖြင့် နေအိမ် ၄ လုံးပျက်စီးခဲ့ရပြီး မွန်အမျိုးသားမူလတန်ကျောင်းတစ်ကျောင်းနှင့် ဥယျာဉ်ခြံအပင်များ ဗုံးစထိမှန်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts