spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ရွေးကောက်ပွဲတားဆီးရန် စစ်ရေးအရှိန်မြှင့်ပြီး နယ်မြေစိုးမိုးထားရန်လို

    စစ်ကောင်စီ ရွေးကောက်ပွဲတားဆီးရန် စစ်ရေးအရှိန်မြှင့်ပြီး နယ်မြေစိုးမိုးထားရန်လို

    -

    ရွေးကောက်ပွဲဖြင့် ထွက်ပေါက်ရှာရန် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲတားဆီးရန် စစ်ရေးအရှိန်မြှင့်ပြီး နယ်မြေစိုးမိုးထားရန်လိုအပ်သည်ဟု နိုင်ငံရေးအကဲခတ်နှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တို့က သုံးသပ်ပြောဆိုသည်။

    စစ်ခေါင်းဆောင်ကျင်းပမည့်ရွေးကောက်ပွဲကို အာဆီယံနိုင်ငံအချို့ဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ရုရှားတို့ကထောက်ခံမည့်သဘောရှိနေသဖြင့် တရားမဝင်အာဏာသိမ်းထားပြီး ရာဇဝတ်မှုကျုးလွန်နေသူတို့က အစိုးရတက်ခွင့်မရှိအောင် တားဆီးရမည်ဟု မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူတို့က ဆိုသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံတစ်ဝန်း စစ်ရှိန်မြှင့်ရန်နှင့် နိုင်ငံရေးပြင်ဆင်မှုလုပ်ကြရန် ပြောဆိုထားသည်။

    “အဲ့တာက လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက ဆရာလည်းပြောနေတယ်။ ရွေးကောက်ပွဲနဲ့ သူတို့ထွက်ဖို့လုပ်နေ တယ်။ ရွေးကောက်ပွဲနဲ့ သူတို့ထွက်မယ်ဆိုတာလည်းပဲ Asian နိုင်ငံတချို့ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ထောက်ခံမယ့်သဘောဖြစ်နေတယ်။ ကူညီမယ်လို့။ ဒါကြောင့်မလို့ ကျတော်တို့က ဒါကို ခွင့်ပြုလို့မရဘူး။ တရားမဝင် အာဏာသိမ်းပြီးတော့ ရာဇဝတ်မှုကို ကျူးလွန်ထားတဲ့ အစိုးရတက်လို့မရဘူး။ ဒါကိုတားဆီးရမယ်။ ဘယ်လိုတားဆီးရမလဲဆိုတာက စစ်ရေးအရှိန်မြှင့်ပြီးတော့ နယ်မြေစိုးမိုးထားဖို့လိုတယ်။ အခု NUG ကလည်း ဆရာပြောတာနဲ့ တိုက်ဆိုင်မှုပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

    စစ်ကောင်စီ အကောင်အထည်ဖော်မည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားဒေသတွင် ကျင်းပနိုင်ရန် ခက်ခဲနိုင်ကြောင်း၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ နေပြည်တော် စသဖြင့် မြို့ကြီးတို့တွင်သာ အဓိကထားကျင်းပနိုင်မည်ဟု ဦးကြည်မြင့်က ဆက်ပြောသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံရေးပါတီတွေ့ဆုံဆွေးနွေးပွဲတွင်လည်း ရွေးကောက်ပွဲကို တစ်ရက်တည်း အပြီးကျင်းပမည်မဟုတ်ဘဲ နယ်မြေလုံခြုံရေးအပေါ်မူတည်ပြီးကျင်းပ၍ ရမည့်နေရာတွင် အပိုင်းလိုက် ကျင်းပရန် စီစဉ်ထားကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်ဟု မွန်တိုးတက်ရေးပါတီခေါင်းဆောင်တစ်ဦးက ပြောသည်။

    ရွေးကောက်ပွဲကျင်းပရေးထက် တိုင်းရင်းသားအင်အားစုအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးနှင့် နိုင်ငံရေး သဘောတူညီမှု လုပ်ဆောင်ပြီး ပြေလည်မှုရရှိမှသာ နိုင်ငံရေးအရအဖြေရှာသင့်ကြောင်း၊ လက်ရှိတွင် တိုင်းရင်းသားအင်အားအစုအဖွဲ့တို့က စစ်ရေးအရ အဖြေရှာနေပြီးဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ New Myanmar Foundation မှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန်းအောင်က ပြောသည်။

    “အရေးကြီးတာက တွေ့ဆုံဆွေးနွေးနိုင်ငံရေး သဘောတူညီတာပေါ့။ အဲ့ဒါ အရေးကြီးဆုံးပဲ ဆိုလိုတာက ရွေးကောက်ပွဲဆိုတာ အလကားပဲ။ အဲ့အရင်မှာ ကျွန်တော်တို့ အင်အားစုတွေအကုန်လုံး နိုင်ငံရေးအရ ဆွေးနွေးရမယ်။ တိုင်းရင်းသားအင်အားစုတွေလည်းပါရမယ်။ နိုင်ငံရေးအင်အားစုတွေလည်းပါရမယ်။ ပြေလည်တဲ့ နိုင်ငံရေး အဖြေရှာရမယ်။ သဘောတူညီချက်ယူရမယ်။ အဲ့တာတွေမရသမျှ ဘာမှမဖြစ်ဘူး။ အခုဟာက စစ်ရေးအရ တိုက်နေတယ်။ AA/ TNLA ကလည်း အပြတ်ပဲ ကျန်တဲ့ တိုင်းရင်းသားတွေလည်း အပြတ်တိုက်ကြမှာ ပြောချင်တာက စစ်ရေးအရ အဖြေရှာနေတယ်။ အဲ့တာကို နိုင်ငံရေး အရအဖြေရှာချင်တယ်ဆိုရင် ခုနကပြောတဲ့ တွေ့ဆုံဆွေးနွေးပွဲ အကုန်လုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲ မလုပ်နိုင်ပဲတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ သူတို့လိုချင်တဲ့ ထွက်ပေါက်အတင်းရှာနေတာ။ အဲ့ထွက်ပေါက် ထွက်ရင်လည်း တစ်စုံတစ်ရာ ရရင်ရနိုင်တယ်။ အခုဟာက တိုင်းရင်းသားတွေရဲ့ လိုလားမှု၊ ဒီမိုကရေစီအင်အားစုတို့ရဲ့ လိုလားမှု၊ ဘာအကျိုးရလာဒ်မှမတွက်ဘဲနဲ့ ဘာမှ မဖြစ်လာနိုင်ဘူး” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် ရွေးကောက်ပွဲမတိုင်ခင် တိုက်ပွဲပြင်းထန်းလာနိုင်ပြီး၊ နယ်မြေကျဉ်းမြောၚ်းလာသည့် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဟု ပြောဆိုထားသော်လည်း ရန်ကုန်နှင့် မန္တလေး မြို့ကြီးနေရာတွင်လည်း ရွေးကောက်ပွဲ ပြုလုပ်ရန်မသေချာသဖြင့် မျှတသည့်ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာမရှိဘူးလို့လည်း ဒေါက်တာစန်းအောင်က ပြောသည်။

    စစ်ကောင်စီက စစ်မှူးထမ်းဥပဒေပြဌာန်းခြင်းသည် စစ်တိုက် စစ်ခုခံရန်တစ်ခုတည်းမဟုတ်ဘဲ၊ ရွေးကောက်ပွဲ အင်အားသုံးရန်အတွက်ပြင်ဆင်နေကြောင်း၊ ယင်းစစ်မှူးထမ်းဥပဒေမှ လုံလောက်ခြင်းမရှိသည့်အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ပါ ထပ်မံဖွဲ့စည်းပြီး ရွေးကောက်ပွဲ အတင်းအကြပ်လုပ်လာနိုင်ကြောင်း သုံးသပ်မှုလည်း ရှိနေသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြို့နယ် ၃၃၀ မြို့နယ်ရှိကာ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက မြို့နယ် ၃၂၅ ခုတွင် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၃၁၅ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။

    လက်ရှိတွင် မြို့နယ်အချို့ကို တော်လှန်ရေးအင်အားစုတို့က ထိန်းချုပ်ထားသလို စစ်ကောင်စီဘက်ကလည်း မတည်ငြိမ်သည့်ဒေသများကိုချန်ထားပြီး တည်ငြိမ်သည့်နေရာများတွင်သာ ရွေးကောက်ပွဲ ကျင်းပရန်စီစဉ်ထားသည့်အတွက် ယခုကျင်းပမည့်ရွေးကောက်ပွဲသည် ပြီးခဲ့သည့်ရွေးကောက်ပွဲထက် မြို့နယ် ပိုနည်းပါးသွားနိုင်သည်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေသူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks