Homeသတင်းကျိုက်ထိုမြို့က ရှေ့နေအမျိုးသမီးတစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီး

ကျိုက်ထိုမြို့က ရှေ့နေအမျိုးသမီးတစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်နေ အမျိုးသမီးရှေ့နေတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အမျိုးသမီးရှေ့နေ ဒေါ်စံပယ်သည် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပတ်သက်သည်ဆိုပြီး ဩဂုတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အမျိုးသမီးရှေ့နေ ဒေါ်စံပယ်ကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်နေကြောင်းနှင့် မိသားစုနှင့်လည်း တွေ့ခွင့်မရသေးကြောင်း မြို့ခံတို့က ပြောသည်။

ရှေ့နေ ဒေါ်စံပယ်သည် စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံရသူများကို အခမဲ့ အမှုလိုက်ပေးနေသူတစ်ဦးလည်း ဖြစ်သည်။

စစ်ကောင်စီက ဒေါ်စံပယ်၏ ရှေ့နေလိုင်စင်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရုတ်သိမ်းခဲ့ကြောင်း ကျိုက်ထိုမြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တစ်ဦးတို့ကို PDF အဖွဲ့ကို သတင်းပေးနေသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်။

၎င်းပြင် PDF အဖွဲ့ကို ထောက်ပံ့နေသည်ဆိုပြီး ဒေသခံပြည်သူတွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေပြီး လတ်တလောတွင် ဒေသခံ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts