spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း စက်သုံးဆီ စတင်ပြတ်လပ်သည့်အချိန်ထက် ဝယ်ယူရရှိမှုပိုမိုခက်ခဲလာ

    မွန်ပြည်နယ်အတွင်း စက်သုံးဆီ စတင်ပြတ်လပ်သည့်အချိန်ထက် ဝယ်ယူရရှိမှုပိုမိုခက်ခဲလာ

    -

    စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုတို့ကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် စက်သုံးဆီစတင်ပြတ်လပ်သည့် ဇူလိုင်လ နောက်ဆုံးအပတ်ထက် လက်ရှိတွင် ဝယ်ယူရရှိမှု ပိုမိုခက်ခဲနေသည်ဟု ဝယ်သူသုံးစွဲသူတို့မှ သိရသည်။

    ယခင်က မြို့ပေါ်ရှိ စက်သုံးဆီဆိုင်တို့တွင် နေ့တစ်ဝက်ခန့် အကန့်အသတ်ဖြင့် ရောင်းချပေးနေရာမှ သြဂုတ်ဒုတိယအပတ်အတွင်း ဆီဆိုင်အချို့ မနက်ပိုင်းရုံးတက်ချိန်တွင်သာ ရောင်းချပေးနေသည်ဟု သိရသည်။

    စစ်ကောင်စီလက်အောက်ခံစက်သုံးဆီအရင်းအမြစ်ကုမ္ပဏီမှ စက်သုံးဆီအရောင်းဆိုင်ကြီးတို့ထံ တစ်ပတ်လျှင် ဆီလီတာ ၃၀၀၀ မှ ၅၀၀၀ ကြားသာ ဖြန့်ဝေပေးနေခြင်းကြောင့် ဝယ်ယူသုံးစွဲသူ ပြည်သူတို့ထံ အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချလာရသည်ဟု ရေးမြို့မှ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။

    “အခုလက်ရှိဆီအခြေအနေကလေ အရင်လိုဆီကို သူတို့မပေးနိုင်တော့ဘူး။ လျှော့ပြီးပေးနေတော့ အရောင်းအဝယ်မလောက်တာကတစ်ကြောင်း၊ သူတို့ပေးတဲ့ လီတာပမာဏလောက်က တစ်ပတ်အတွင်းရောင်းရမယ်။ သူတို့ပေးပမာဏလောက်က ကိုယ်ကတစ်ရက်တည်းနဲ့ရောင်းကုန်သွားရင် ကျန်လေးရက်ငါးရက်က နားရတယ်။ ဆီအသစ်ထပ်ဝင်မယ့်ချိန်ထိ ဆိုင်ပိတ်ထားရတယ်ပေါ့” ဟု ရေးမြို့စက်သုံးဆီအရောင်းဆိုင်တစ်ဦးက ဆိုသည်။

    ရောင်းအားအလိုက် ဆီအကန့်အသတ်ထုတ်ပေးခြင်းကြောင့် ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ ၅၀၀၀ ကျပ်၊ ကားတစ်စီးလျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချပေးရာမှ နေ့လည်ပိုင်းတွင် စက်သုံးဆီပြတ်လပ်မှုရှိလာပြီး ထပ်မံကန့်သတ်ရောင်းချလာရသည်ဟုလည်း ဆက်ပြောသည်။

    ၁၀ ရက်ကျော်ကြာသည်အထိ စက်သုံးဆီအလုံအလောက်ဝယ်ယူမရဖြစ်နေမှုကြောင့် ဒေသခံပြည်သူများ ခရီးသွားလာရာတွင် အချိန်ကြန့်ကြာစေသည့်အပြင် စက်သုံးဆီဈေးနှုန်းလည်း ပို၍မြင့်တက်လာကြောင်း Taxi မောင်းနေသူတစ်ဦးက ဆိုသည်။

    “ဆီရဖို့ တန်းစီနေရတော့ အချိန်တွေကကြန့်ကြာစေတာပေါ့လေ။ ယာဉ်မောင်းတဲ့သူတွေ ရပ်နားလိုက်တာတော့ မရှိသေးပါဘူး။ အဆင်ပြေသလိုလုပ်နေကြရတာပဲ။ ဆီရတဲ့နေ့ကြရင် အပိုဆောင်ထားရတာပေါ့။ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ အဲ့လိုရနေတာ။ အခက်အခဲကတော့ ဆီဈေးကပိုတက်လာတော့ စီးတဲ့သူတွေဘက်က ဈေးပိုယူရတာပေါ့။ ဒါမဲ့လည်း အများကြီးလည်း ပိုမယူရဲဘူး။ အကုန်လုံးခက်ခဲနေတာပဲ” ဟု သူက ဆိုသည်။

    စစ်ကောင်စီမှ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စက်သုံးဆီဝယ်ယူရာတွင် မြို့နယ်ရုံးတစ်ဆင့် ရောင်းအားမည်မျှရှိကြောင်း စာရင်းသွင်းကာ ထိုမှတစ်ဆင့် စစ်ကောင်စီလက်အောင်ခံဆီ အရင်းအမြစ်ကုမ္ပဏီထံသို့ တင်ပြပြီးမှသာ စက်သုံးဆီအရောင်းဆိုင်တို့ကို ရောင်းအားအလိုက် ထုတ်ပေးခြင်း ဖြစ်သည်။

    နိုင်ငံတစ်ဝှမ်း စက်သုံးဆီဝယ်ယူမှုခက်ခဲနေပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့တွင်လည်း ဓါတ်ဆီပြင်ပဈေးကွက် ၁၀၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

    ဇူလိုင်လလယ်ပိုင်းမှ စ၍ နိုင်ငံအနှံ့ရေကြီးမှုကြောင့် စက်သုံးဆီဖြန့်ဖြူးမှုနှောင့်နှေးကြန့်ကြာခဲ့သော်လည်း သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ရာနေရာတွင် ဩဂုတ်လ ဒုတိယအပတ်အထိ စက်သုံးဆီ အလုံအလောက်ရှိနေသည်ဟုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

    သို့သော် အမေရိကာန်ငွေလဲနှုန်း အဆမတန်မြင့်တက်လာပြီးနောက် စက်သုံးဆီတို့လည်း ပြတ်လပ်လာပြီးး သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီရန်ရှိရန် တစ်ပတ်ကျော်သည်အထိ ဆီသယ်ယာဉ်တို့ စောင့်ဆိုင်းနေရသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks