Monday, May 11, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲအရှိန်မြင့်မားမည့်အခြေအနေတို့ကြောင့် ရေးဒေသခံတို့ စစ်ဘေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ လုပ်ဆောင်လာ

    တိုက်ပွဲအရှိန်မြင့်မားမည့်အခြေအနေတို့ကြောင့် ရေးဒေသခံတို့ စစ်ဘေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ လုပ်ဆောင်လာ

    -

    မွန်ပြည်နယ် သံဖြူဇရပ်- ရေး-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရေးဒေသခံပြည်သူတို့ စစ်ဘေးကြိုတင်ပြင်ဆင်ခြင်းကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။

    သြဂုတ်လ ပထမအပတ်အတွင်း ရေးမြို့နယ်အတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံးခန့်ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။

    ရေးဒေသခံများအနေဖြင့် အိမ်တိုင်းနီပါး ဗုံးခိုကျင်းတူးထားပြီး၊ အကာအကွယ်ယူနိုင်မည့် ခိုင်ခံသည့်နေအိမ်တို့တွင် ပြောင်းရွေ့နေထိုင်နေသည့်အပြင် စားနပ်ရိက္ခာစုဆောင်းခြင်းနှင့် အရေးပေါ်ပြောင်းရွေ့နိင်ရန် ပြင်ဆင်မှုများလုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့ကဆိုသည်။

    “ အခုကတည်းက အရေးကြီးကိစ္စကလွဲပြီး အိမ်မှာပဲနေတာများလာတယ်၊ ညနေ ၅ နာရီကျော်ရင် လမ်းမထွက်တော့ဘူး။ သွားစရာရှိရင်တောင် ရေးဘက်ကိုပဲ သွားတယ်။ မော်လမြိုင်ဘက်တော့သိပ်မသွားဘူး။ နောက်ပြီး ရေး-သံဖြူဇရပ်လမ်းမှာ တိုက်ပွားတွေလဲ ခဏခဏဖြစ်နေတယ်ဆိုတော့ သွားလာတာ တော်တော်ခက်တယ်။ ခုဆို ရွာမှာ ပုန်းရှောင်ဖို့အတွက် အိမ်တိုင်းလိုလို ဗုံခိုကျင်တွေ တူးထားကြတယ်”ဟု မော့ကနင်ရွာ ဒေသခံတစ်ဦး ဆိုသည်။

    တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့တို့၏ လှုပ်ရှားမှုကိုကြည့်ခြင်းအားဖြင့် အင်အားကြီးသည့် တိုက်ပွဲ ဖြစ်လာနိုင်မည်ဟုလည်း ရေးဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

    "ရက်အတိအကျ အချိန်အတိအကျကို မပြောနိုင်ပေမဲ့ ကျနော်တို့ဒေသခံတွေက အင်အားကြီးတဲ့ တိုက်ပွဲတစ်ခုဖြစ်လာဖို့ရှိမယ်ဆိုတာ အခိုင်အမာပြောဆိုနေကြတယ်၊ မော့ကနင် သံဖြူဇရပ်၊ မော့ကနင် ရေးဘက်မှာ အခုစစ်ကောင်စီအဖွဲ့တွေ စစ်မျက်နှာပြင်ဖွင့်နေတဲ့ပုံစံရယ် အင်အားတိုးချဲ့ပုံးစံ ကြည့်ခြင်းအားဖြင့်ပေါ့လေ၊ အဲတော့ ကျနော်တို့ဒေသခံတွေ ပြင်ဆင်စုဆောင်းဖို့ သင့်နေပြီးလို့လည်း တိုက်တွန်းပြောလိုပါတယ်"ဟု ဆိုသည်။

    ရေးမြို့နယ်အတွင်း နှစ်ကရင်၊ မော့ကနင်၊ နှင်းစုံနှင့် တိုးတက်ရွာသစ်တို့တွင် တစ်ရက်လျှင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားနေသည့်အပြင် မော့ကနင်အခြေစိုက် ၃၁၇ မှ လက်နက်ကြီးအသုံးပြုကာ ပစ်ခတ်မှုပိုမိုလုပ်ဆောင်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိလာမည်ကို ဒေသခံတို့စိုးရိမ်လျှက်ရှိသည်။

    ၎င်းအပြင် ရေး-သံဖြူဇရပ် အမှတ်(၈) လမ်းမကြီး၌ ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း မည်သည့်ယာဉ်မှ ဖြတ်သန်းခွင့်မပြုဟု သြဂုတ် ၅ ရက်နေ့ရက်စွဲဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အထူးကြေညာချက် ထုတ်ပြန်ထားသည့်နောက် ထိုနေ့ ည ၇ နာရီတွင် ဖြတ်သန်းသွားလာနေသည့် ကွန်တိန်နာယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ဇူလိုင်လ တတိယပတ်မှစ၍ စစ်ကောင်စီအဖွဲ့တို့သည် ရေး- ထာဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် လက်ရှိတွင် မော့ကနင်လမ်းဝမှ ရေး- ထားဝယ်နယ်နိမိတ်အထိ အင်အားတိုးချဲ့ထားပြီး တော်လှန်ရေးပူပေါင်းတပ်တို့နှင့် နေ့စဉ်ပစ်ခတ်မှုဖြစ်ပွားနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks