Homeသတင်းစစ်အာဏာသိမ်းကာလ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၅၈၀၀ နီးပါးရှိ

စစ်အာဏာသိမ်းကာလ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၅၈၀၀ နီးပါးရှိ

-

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅,၈၀၀ နီးပါးရှိသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သြဂုတ် ၅ ရက်နေ့က ထုတ်ပြန်သည်။

နိုင်ငံအနှံ့ မြို့နယ် ၃၃၀ မြို့နယ်တွင် မြို့နယ် ၁၄၇ ခုထက်မနည်း လေကြောင်းတိုက်ခိုက်မှုခံနေရပြီး ရာခိုင်နှုန်းအားဖြင့် မြို့နယ် ၄၅ ရာခိုင်နှုန်းသည် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။

ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်သည် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး အကြိမ်ရေ ၁၅၀၀ ကျော်ရှိကာ၊ ဒုတိယအများဆုံးသည် ကရင်နီဒေသဖြစ်ပြီး အကြိမ်ရေ ၁၂၀၀ ကျော် ရှိသည်ဟု ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လေကြောင်းတိုက်ခိုက်ခံရမှု နှစ်ဆမြင့်တက်လာပြီး ယခုချိန်ထိ လေကြောင်းတိုက်မှု လျော့ကျသွားခြင်းမရှိဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားသည်။

မွန်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “လေကြောင်းတိုက်ခိုက်မှုက လျော့သွားတာ မရှိဘူး။ ပိုပြီး လုပ်ဆောင်လာတယ်။ သူတို့(စစ်ကောင်စီ) လေယာဉ် တစ်ခါလာရင် အချိန်သိပ်မကြားဘူး။ ၁၅ မိနစ်နဲ့ မိနစ် ၂၀ လောက်ဆိုရင် ပြန်လှည့်တယ်။ ဒါ့ပေမဲ့ တစ်ခါလာပြီးဆိုရင် ထိခိုက်ပျက်စီးမှုက အများကြီးပဲ။ ခုဟာ ပေါင် ၅၀၀၊ ပေါင် ၁၀၀၀၊ ပေါင် ၂၀၀၀ နဲ့ လေ။ အဲဗုံးတွေက တစ်ခါလာကြဲချရင် ရွာတစ်ဝက်နီးပါးကုန်သွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုပေါင်း အကြိမ်ရေ ၆၅၀ ကျော်ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးလဖြစ်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုတွင် စစ်ကိုင်းတိုင်းက မြို့နယ် ၃၃ ခု ရှိခဲ့ပြီး ရှမ်းပြည်နယ်တွင် ၂၅ မြို့နယ်ထက်မနည်း ရှိခဲ့သည်ဟု ISP Myanmar ၏ အချက်အလက်များအရ သိရသည်။

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ လူဦးရေ အရေအတွက်ကိုတော့ ISP-Myanmar က ဖော်ပြထားခြင်း မရှိပေ။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ၁၀ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူလည်း ၂၀ ဦးထက်မနည်းရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts