Saturday, April 25, 2026
More
    spot_img
    Homeသတင်းပျားတောင်ဒေသ စစ်ရေးအရှိန်မြင့်လာနိုင်

    ပျားတောင်ဒေသ စစ်ရေးအရှိန်မြင့်လာနိုင်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ဝါငဲ့၊ ကွမ်ငန်း၊ မယ်ဂရိုနှင့် ကတုံစိ စသည့်ကျေးရွာတို့တွင် စစ်ရေးအရှိန်မြင့်လာနိုင်သည်ဟု ကျိုက်မရောဒေသခံတို့က ဆိုသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့မှ စစ်ကား ၂ စီးဖြင့် အင်အားဖြည့်တင်းထားပြီး တရနာရွာမှ အလှပ်ကုန်းရွာအထိ စခန်းချထားလျှက်ရှိသည်ဟု သိရသည်။

    ကော့ဒွန်း၊ ကော့ပနောရွာတွင် လက်ရှိတိုက်ပွဲမဖြစ်သေးသော်လည်း မိုလေးကင်းလွတ်အချိန်တွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာနိုင်သည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

     "ပျားတောင်ဒေကတော့ အခြေအနေတင်းမာနေတယ်၊ စစ်တပ်အဖွဲ့ကလည်း စစ်အင်အားတွေချဲ့ထားတယ်၊ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း အင်အားတွေများလာမယ်၊ ဒီမိုးတွင်းပိုင်းမှာတော့ မပြင်းထန်သေးပေမဲ့၊ လာမဲ့ဝါကျွတ်ချိန်ဆို အရင်ပြီးခဲ့တဲ့ မေလ ဧပြီလတွေထက်ကို တိုက်ပွဲပြင်းထန်နိုင်မယ်၊ ကျနော်တို့အနေနဲ့ဖြစ်ဖြစ် ဒေသအနေနဲ့ဖြစ်ဖြစ် အဲ့လိုမြင်မိတယ်ပေါ့လေ၊ အခုဆိုလည်း ၉ တန်း ၁၀ တန်း ဒေသခံကျောင်းသားမိဘတွေ မြို့ပေါ်ကို ပြောင်းကုန်ကြပြီးလေ သူတို့အနေနဲ့လည်း တိုက်ပွဲအခြေအနေတွေကို ခန့်မှန်းမိတယ်လေ’ ဟု ဆိုသည်။

    လက်ရှိတွင် ကော့ဒွန်း၊ ကော့ပနောရွာမှ ဒေသခံရွာသား တစ်ဝက်ကျော်တို့သည် ရွာမှပြောင်းရွေ့နေထိုင်ကြပြီး ဖြစ်သည်ဟု သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ကော့ဒွန်း၊ ကော့ပနောရွာတွင် စစ်ကောင်စီတပ်တို့ စစ်လေယာဉ်ဖြင့် ၆ ကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ပစ်ခတ်မှုတို့ရှိနေခြင်းကြောင့် ဒေသခံတို့၏ နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

    ဒါ့အပြင် စစ်ကောင်တပ်မှဖြစ်စေ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှဖြစ်စေ တိုက်ပွဲဖော်ဆောင်ရာတွင် ဘုန်းကြီးကျောင်နှင့် စာသင်ကျောင်းတို့ကို ရှောင်ရှားရန်လည်း ဒေသခံတစ်ဦးက တောင်းခံပြောဆိုသည်။

    "စစ်ပွဲက ကျနော်တို့မှ တားလို့မရတာ၊ ကျနော်တို့ရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သတ်ပြီး အမြင်အရဖြစ်ဖြစ် နိုင်ငံရေးအရဖြစ်ဖြစ် လူမျိုးအမြင်ဝါဒဖြစ်ဖြစ်ပြောရရင် ဘုန်းကြီးကျောင်တို့၊ ဘာသာရေးနေရာတို့၊ စာသင်ကျောင်းတွေကို ရှောင်ရှားပေးဖို့၊ နောက်တစ်ခုက ဒေသခံတစ်ဦးအနေနဲ့ရော ပြည်သူတစ်ဦးအနေနဲ့ရော တောင်းခံချင်တာက တော်လှန်ရေးအဖွဲ့အားလုံးနဲ့ စစ်ကောင်စီအဖွဲ့တွေကို တောင်းဆိုချင်တာက တိုက်ပွဲမဆင်နွှဲကြဖို့ပါ၊ ဘာလို့ဆို ကလေးတွေအတွက် အန္တရာယ်ရှိလို့ တောင်းဆိုချင်တာပါ"ဟု ဆိုသည်။

    ၎င်းအပြင် လက်ရှိမိုးရာသီအတွင်း ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများပြားလျှက်ရှိပြီး ပညားပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ အားနည်းနေခြင်းကြောင့် လူမှုအဖွဲ့အစည်းတို့မှ တစ်နည်းတစ်ဖုံ ကူညီစောင့်ရှောက်ရန်လည်း တောင်းဆိုထားသည်။

    အဆိုပါပျားတောင်ဒေသတွင် စစ်ကောင်စီအဖွဲ့မှ ရေတပ်ဖြင့် သွားလာရန် မလွယ်ကူခြင်းကြောင့် အများစုသည် လေယာဉ်ဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks