Homeသတင်းပုဂ္ဂလိကဘဏ် ၇ ခုနှင့် ဗဟိုဘဏ်တာဝန်ရှိများကို အရေးယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်

ပုဂ္ဂလိကဘဏ် ၇ ခုနှင့် ဗဟိုဘဏ်တာဝန်ရှိများကို အရေးယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်

-

နိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်ကို ကျော်လွန်ပြီး အိမ်ရာချေးငွေ များပြားစွာထုတ်ချေးခဲ့သည့် ပုဂ္ဂလိကဘဏ် ၇ ခုနှင့် ဗဟိုဘဏ်တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီက အရေးယူမည် ပုဂ္ဂလိကဘဏ် ၇ ခုတွင် ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေအီးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တို့ပါဝင်သည်။

ပုဂ္ဂလိကဘဏ်အချို့သည် အကျိုးအမြတ်ပိုမိုရရှိစေရန်အတွက် ဗဟိုဘဏ်၏ ညွှန်ကြားချက်ကို ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေးများကို များပြားစွာထုတ်ချေးပေးထားသည်ဟု ဆိုသည်။

စစ်ကောင်စီ ထုတ်ပြန်ထားချက်အရ ရိုးမဘဏ်သည် ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်သည် ၈ဒသမ၉၄ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်သည် ၁ဒသမ၉၆ ရာခိုင်နှုန်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ ယူအေဘီဘဏ် ၃ဒသမ ၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်က ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားသည်။

သတ်မှတ်ချက် ကျော်လွန်ပြီး အိမ်ရာချေးငွေး ထုတ်ချေးပေးထားသည့် ဘဏ် ၇ ခုကို ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းပြင် ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲမှုအားနည်းခဲ့သည့် ဗဟိုဘဏ် တာဝန်ရှိသူများကိုလည်း စိစစ်ဖော်ထုတ် အရေးယူးသွားမည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts