Homeသတင်းမွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၀ ဦးရှိ

မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၀ ဦးရှိ

-

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးဌာနကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္က သိုလ်ဝင်တန်းစာမေပွဲအောင်မြင်သူ ၁၀ ဦးရှိသည်ဟု သိရသည်။

မွန်အမျိုးသားပညာရေးဌာနအောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစားအထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါကျောင်း၊ ရေးမြို့နယ် အံဒင်းကျေးရွာ အထက်တန်းကျောင်းဆိုပြီး အထက်တန်းကျောင်း ၃ ကျောင်း ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူနည်းသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ဒု-ခရိုင်းပညာရေးတာဝန်ခံ မိစိုက်ဂျီချမ်းက ပြောသည်။

“ဝင်္ကပါကျောင်းက ၆ ယောက်ပဲ အောင်တယ်။ အံဒင်းကျောင်းကလည်း ၂ ယောက်ပဲ။ ညီစားကလည်း ၂ ယောက်ပဲ။ ဝင်္ကပါကျောင်းမှာ ဝင်ရောက်ဖြေဆိုသူ ၂၇ ရောက်ရှိတယ်။ ကျန်တဲ့ အံဒင်းနဲ့ ညီစားကိုတော့ မသိသေးဘူး။ မနှစ်ကတော့ အောင်ချက်ကောင်းတယ်” ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူ ကျောင်းသားဦးရေတိုးလာသော်လည်း အောင်ချက် နည်းလာကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၉၄ ဦးရှိသည့်အနက် ၄၂ ဦး အောင်မြင်ကာ ရာခိုင်နှုန်းအားဖြင့် ၄၅ ရာခိုင်နှုန်းအောင်မြင်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီမှ စာရင်းများအရ သိရသည်။

တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts