spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်မှုထမ်းဆောင်ရန် စစ်တပ်မှ ကိုယ်တိုင်ဆင့်ခေါ်နေ

    ကျိုက်ထိုတွင် စစ်မှုထမ်းဆောင်ရန် စစ်တပ်မှ ကိုယ်တိုင်ဆင့်ခေါ်နေ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်အချို့တွင် စစ်မှူးထမ်းဆောင်ရန် စစ်ကောင်စီတပ်ဖွဲ့မှ ဆင့်ခေါ်စာနှင့်တစ်ကွ အိမ်တိုင်ရာရောက် ဆင့်ခေါ်နေသည်ဟု ကျိုက်ထိုမြို့ခံတို့ထံမှ သိရသည်။

    ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းကိစ္စဆောင်ရွက်သည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးအဖွဲ့တို့ မကြာခဏသတ်ဖြတ်ခံနေရခြင်းကြောင့် ပြီးခဲ့သည့်မေလနောက်ဆုံးအပတ်မှ စ၍ စစ်ကောင်စီတပ်ဖွဲ့တို့မှ ကိုယ်တိုင်လိုက်လံ ဆင့်ခေါ်နေသည်ဟု သိရသည်။

    လာမည့် စစ်မှုထမ်းအပတ်စဉ် ၃ အတွက် သင်တန်းသားတို့ကို ဇွန်လအတွင်း စုဆောင်းရန် စစ်ကောင်စီကာကွယ်ရေးဝန်ကြီး တင်အောင်စန်းမှ ပြီးခဲ့သည့်မေလ ၂၀ ရက်နေ့တွင် ညွှန်ကြားထားခြင်းကြောင့် ကျိုက်ထိုမြို့အတွင်းရှိ လူငယ်တို့ကို စတင်စုဆောင်းနေသည်ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ဆိုသည်။

    “မြောက်ပိုင်းရပ်ကွက်မှာ ၂၆ ရက်နေ့လောက်က စစ်ကားနှစ်စီးနဲ့ တစ်ရပ်ကွက်ကို လေးငါးယောက် စာလာပို့တယ်၊ ၆ ရပ်ကွက်ရှိတယ်ဆိုတော့ စာပို့ခံရသူတွေများမယ်၊ အရင်တုန်းကတော့မနီးစပ်လို့လား မသိဆင့်ခေါ်စာပို့တာက မကြားမိဘူး၊ စာပို့ခံထားရတဲ့လူတွေ နောက်နေ့ကျ ထွေးအုပ်ရုံးကို သွားခိုင်းတယ်၊ အချို့က ကျန်းမာရေးချို့တဲ့နေတယ်ဆိုပြီးတော့ ညှိနှိုင်းနေတာတွေ ရှိတယ်ပေါ့ " ကျိုက်ထိုမြို့ခံက ပြောသည်။

    ပြီးခဲ့သည့် မေလနောက်ဆုံးပတ်အတွင်း ကျိုက်ထိုမြို့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ကံ့ကော်ရပ်ကွက်တို့အပြင် ကျန်ရှိသည့် ၃ ရပ်ကွက်တို့ကိုလည်း ဆင့်ခေါ်စာပို့ဆောင်ထားသည်ဟုလည်း ဆိုသည်။

    ၎င်းအပြင် ကျိုက်ထိုမြို့ပေါ်တွင် ပြီးခဲ့သည့် အပတ်စဉ် ၂ သင်တန်းအတွက် စစ်မှူးထမ်းဆောင်ရန် လူငယ်တို့ကို လာရောက် ခေါ်ယူခဲ့သော်လည်း မည်သည့်စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ကို မသိရကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

    ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တို့တွင် ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ သတင်းပေးတို့ကို ကျိုက်ထို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကို ရှင်းလင်းပြစ်ခတ်နေသော်လည်း စစ်မှုထမ်းကိစ္စဆောင်ရွက်သူတို့ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

    “ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ယောက်မှအဲ့ကိစ္စမလုပ်ရဲဘူး နှုတ်ထွက်စာတင်ထားကြတယ်၊ ဒါပေမဲ့ သန်းခေါင်စာရင်အရတော့ ၃၅ နှစ်အောက်ဆို လာခေါ်တာပဲ၊ ကိုယ့်သားအလှည့် ဘယ်တော့ရောက်မလဲဆိုတာ မိဘတွေက တွေးပူနေရတယ်၊ ထိုင်းပို့/ နိုင်ငံခြားပို့ဖို့ကမလွယ်ဘူး။ ကုန်ကျစရိတ်တွေကလည်းနည်းတာ မဟုတ်ဘူး"ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

    စစ်မှုထမ်းရန် ရွေးချယ်ခံရပြီး ငွေကြေးဖြင့် မညှိနှိုင်းနိုင်သူတို့သည် ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့တွင် ကျန်းမာရေးချို့တဲ့သည့် အကြောင်းပြချက်ဖြင့်သာ ညှိနှိုင်းနေကြရသည်ဟု သိရသည်။

    ဗမာရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဉပဒေအပတ်စဉ်(၁) အတွက် လူငယ် ၂၀၀ ကျော် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအပတ်စဉ်(၂)တွင်လည်း လူငယ်ဦးရေ ၂၀၀ ကျော် ပို့ဆောင်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks