Homeသတင်းအဝေးသင်တက္ကသိုလ် ကျောင်းအပ်ခ တိုးမြှင့်ကောက်ခံထား

အဝေးသင်တက္ကသိုလ် ကျောင်းအပ်ခ တိုးမြှင့်ကောက်ခံထား

-

ယခုနှစ်၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် အဝေးသင်တက္ကသိုလ်ကျောင်းအပ်ခ တိုးမြှင့်ကောက်ခံထားသည်ဟု မော်လမြိုင် အဝေးသင်တက္ကသိုလ် ကျောင်းသားကျောင်းသူတို့ထံမှ သိရသည်။

ယခုပညာသင်နှစ်အတွက် အဝေးသင်တက္ကသိုလ်ကျောင်းအပ်ခကို တက်ရောက်မည့်နှစ်နှင့် ဘာသာရပ်အပေါ်မူတည်၍ ကျောင်းအပ်ခ သိန်းကျော်အထိ ကောက်ခံနေသည်ဟု အဝေးသင် စိတ်ပညာမေဂျာမှ တတိယနှစ်ကျောင်းသူတစ်ဦးက ဆိုသည်။

“ကျောင်းအပ်ခက ကုန်ကျများတယ် ပထမနှစ်က assessment ကျောင်းအပ်ခရော အားလုံးအပြီးစီး ၆သောင်းပဲ ကုန်တယ် ဒုတိယနှစ်က ၉သောင်း ဖစ်သွားတယ် အခုက ၁ သိန်း ၁ သောင်းကျော်အထိဖြစ်သွားတယ် ” ဟု ဆိုသည်။

ယခင်က အဝးသင်တက္ကသိုလ် ကျောင်းသားများအတွက် ပို့ချချက် စာအုပ်ဖိုး ၄၂၀၀၀ ကျပ်၊စာစဉ်မေးခွန်ဖိုး ၄၆၅၀ ကျပ် ၊မဂ္ဂဇင်းဖိုး ၆၀၀၀ ကျပ်နှင့် ကျောင်းအပ်ခမှတ်ပုံတင်ကြေးနှင့် လိုင်စင်ဓါတ်ပုံအပါအဝင်  စုစုပေါင်း ၆ သောင်းဝန်းကျင်သာ ကောက်ခံနေသည်ဟု သိရသည်။

၂၀၂၄ ခုနှစ်အဝေးသင်တက္ကသိုလ်ကျောင်းအပ်ခ အကုန်အကျများနေခြင်းသည့် မော်လမြိုင် အဝေးသင်တက္ကသိုလ်ဌာနရှိ စာရေးမတို့မှ ထပ်တိုးကောက်ခံခြင်းကြောင့် ဖြစ်နိုင်သည်ဟုလည်း အဝေးသင် သိပ္ပံတွဲကျောင်းသူတစ်ဦး ဆိုသည်။

“  စာရေးမတစ်ယောက်နဲ့တစ်ယောက်က ယူတာချင်းမတူကြဘူး၊ သင်္ချာမေဂျာက သူတို့အပ်တာ ပတ်စပို့ပုံနဲ့မှ ၅ သောင်းကျော်ပဲကုန်တယ်၊ တောင်းသလောက် ပေးရတယ်ပေါ့၊ ကိုယ်တိုင်အပ်ရင် အချိန်ကြာတယ်လေ ” ဟု ဆိုသည်။

ယခုနှစ်တွင် အဝေးသင်တက္ကသိုလ်ဝင်ကျောင်းသား/သူများ ကိုယ်တိုင်းကျောင်းအပ်နှံရန် လမ်းစရိတ်နှင့် အထွေထွေကုန်ကျစရိတ် မြင့်တက်နေခြင်းကြောင့် အွန်လိုင်းစနစ်ဖြင့် ကျောင်းအပ်နှံသူများလျှက်ရှိသည်ဟု သိရသည်။

နှစ်စဉ် မော်လမြိုင်အဝေးသင်တက္ကသိုလ်မှ သိပ္ပံံနှင့်ဝိဇ္ဇာကျောင်းသား ကျောင်းသူတို့ကို မတ်လမှစ၍  ကျောင်းအပ်လက်ခံလျှက်ရှိပြီး ၊၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် ပထမနှစ်အဝေးသင် သင်တန်းအပ်နှံ့ရမည့်ရက်ကို  မေလ ၃၁ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

အဝေးသင်ကျောင်းသား၊ကျောင်းသူတို့သည်  ကျောင်းအပ်ခ အပြင် အဆောင်စရိတ်၊စားစရိတ် ၊အထွေထွေကုန်ကျစရိတ်နှင့် ကျူရှင်စရိတ်တို့မြင့်တက်မှုကြောင့် ကျောင်းတက်ရန်ခက်ခဲလျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts