spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းအမျိုးသားများပြည်ပထွက်ခွာခွင့် ပြန်လည်ဖြေလျော့ထားသော်လည်း ကန့်သတ်မှုအချို့ရှိနေ

    အမျိုးသားများပြည်ပထွက်ခွာခွင့် ပြန်လည်ဖြေလျော့ထားသော်လည်း ကန့်သတ်မှုအချို့ရှိနေ

    -

    စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့်ယာယီ ပိတ်ပင်လိုက်သည့်နောက် မေလ ၇ ရက်နေ့တွင် ပြန်လည်ဖြေလျော့လာသော်လည်း အလုပ်ခေါ်စာလျှောက်လွှာတို့ကို လက်မခံနေကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့မှ သိရသည်။

    လက်ရှိ ပြည်ပမှ အလုပ်ခေါ်စာတို့ကို လျှောက်ထားရာတွင် အသက် ၂၃နှစ်မှ ၃၁ နှစ်ကြားရှိ လူငယ်အမျိုးသားတို့၏ လျှောက်လွှာတို့ကို လက်မခံနေခြင်းကြောင့် ပြည်ပထွက်ခွာသည့်ကိစ္စ စိုးရိမ်မိကြောင်း နိုင်ငံခြားထွက်ခွာရန်ပြင်ဆင်နေသည့် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

    “ဘယ်အချိန်အထိ ပိတ်မှာလဲလို့ အေဂျင်စီကို မေးနေပေမဲ့လည်း သူတို့က အသေချာမဖြေပေးနိုင်ကြသေးဘူး။ ကိုယ်ဘက်က သင်တန်းတက်စရာရှိတာကိုဆက်တက်နေရတာပေါ့။ မေလမတိုင်ခင်က အလုပ်ခေါ်စာတွေလျှောက် ထားရင်တော့ သွားရဖို့ကသေချာတယ်ပေါ့။ သူတို့ပြန်မဖွင့်မှာကို စိုးရိမ်ရတာပေါ့ဗျာ။ ငွေကြေးကုန်ကျထားတာလည်းမနည်းဘူး ” ဟု ဆိုသည်။

    ယခုမေလမှစပြီး နိုင်ငံအသီးသီးတွင် အလုပ်ခေါ်စာတင်ထားသည့်သူများ ပြည်ပထွက်ခွာဆိုင်းငံစာရင်းတွင် အကျုံးဝင်မည်ဖြစ်ပြီး ခွင့်ပြုချက်ရထားပြီးသူများ ဆိုင်ငံ့စာရင်းတွင်မပါဝင်ကြောင်း စစ်ကောင်စီခန့်ဝန်ကြီးဌာနက သတင်းဌာနတစ်ချို့တွင် ပြောဆိုထားသည်။

    ပြည်ပသို့ထွက်ခွာရန် သိန်းဆယ်ချီအရင်းအနှီးထုတ်၍ တစ်နှစ်ကျော် အချိန်ယူပြင်ဆင်ထားရပြီး ယခုကဲ့သို့ ပိတ်ပင်ကန့်သတ်နေခြင်းကြောင့် အခက်ခဲမျိုးစုံကြုံနေရသည်ဟု မုဒုံမြို့နယ်မှလူငယ်တစ်ဦးဆိုသည်။

    “အေဂျင်ခပေးဖို့ ပိုက်ဆံတွေကို အတိုးနဲ့ချေငှားခဲ့တာရှိတယ်လေ။ ဒီလိုပိတ်လိုက်တော့ အတိုးကဆက်ပေးနေရမှာ ဆိုတော့ အခက်ခဲကရှိတာပေါ့။ ဒီအတိုးအခြေနေနဲ့ဆိုရင် စင်ကာပူမရောက်ပဲနဲ့ ထိုင်းကိုပဲအရင်ရောက်ဖို့များမယ် ” ဟု ဆိုသည်။

    ထို့အပြင် ငွေကြိုလွှဲထားသည့် အလုပ်အေဂျင်စီတို့သည် ပြည်ပထွက်ခွာရန် မသေချာနေသည့် ကာလဖြစ်ခြင်းေကြာင့် ငွေပြန်တောင်းချိန်တွင် တိမ်းရှောင်နေကြသည့် အေဂျင်စီတို့ ရှိနေသည်ဟု သိရသည်။

    စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ပြည်ပထွက်ခွာမှု လုပ်ငန်းစဉ်တို့ကို ကန့်သတ်ပိတ်ပင်လာပြီး ပြည်ထွက်ခွာလိုသူတို့ ငွေကုန်ကြေးကျပိုများလာသည့်အပြင် အချိန်စောင့်ဆိုင်းမရမှု ပိုများလာကြောင်း သိရသည်။

    မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံသို့ အလုပ်လုပ်ကိုင်မည့်သူတို့ကို မေလ ၁ ရက်နေ့မှစပြီး ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီမှပြောဆိုသည့်သတင်းတို့ထွက်ပေါ်လာသည့်နောက် ၂ ရက်အကြာတွင် ၅၀ ရာခိုင်နှုန်းပြန်လည်ခွင့်ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနနှင့် နီးစပ်သူတို့မှ သိရသည်။

    အမျိုးသားများကို အဓိကပစ်မှတ်ထား ပိတ်ပင်လိုက်သည့်အတွက် စစ်ကောင်စီက စစ်မှုထမ်းဉပဒေမှာ အမျိုသားဦးရေ မလုံလောက်ခြင်းကြောင့်ဟု နိုင်ငံရေးသုံးသပ်သူတစ်ချို့က ဆိုကြသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းစေခိုင်းသည့် ကိစ္စကို ရှောင်တိမ်းရန် ရရာနည်းလမ်းနှင့် ပြည်ပသို့ထွက်ခွာနေခြင်းကြောင့် တရားဝင်လမ်းကြောင်းမှ ပိတ်ပင်ခြင်းသည် တရားမဝင်လမ်းကြောင်းဆီဝင်ရောက်ရန် တွန်းပို့နေသကဲ့သို့ဖြစ်နေသည်ဟုလည်း အလုပ်သမားအရေးဆောင်ရွက်နေသူတို့က မှတ်ချက်ပြုပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks