Homeသတင်းရှမ်း-ကယားနယ်စပ် မိုးဗြဲကို ထိန်းချုပ်နိုင်ရေး တော်လှန်ရေးတပ်တို့ ကြိုးပမ်းနေ

ရှမ်း-ကယားနယ်စပ် မိုးဗြဲကို ထိန်းချုပ်နိုင်ရေး တော်လှန်ရေးတပ်တို့ ကြိုးပမ်းနေ

-

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့တို့က ကြိုးပမ်းနေပြီး မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှစတင်ကာ မိုးဗြဲနှင့် အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့သည်။

ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်နိုင်ပြီးနောက် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းကို ဆက်လက်သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေကြောင်း မိုးဗြဲ PDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“တိုက်ပွဲက ဒီနေ့နဲ့ဆိုရင် ၆ ရက်ရှိပြီ။ မှန်းထားတာထက်တော့ ရက်ပိုသွားတယ်ပေါ့နော်။ အခုက တစ်ဝက်လောက်တော့ ဝင်နိုင်ခဲ့ပြီပေါ့နော်။ သိပ်မကြာတော့ဘူးလို့တော့ မျှော်မှန်းတာပဲ။ ကျွန်တော်တို့ ဘက်မှာလည်း ရက်ကြာလာတဲ့အတွက် ရိက္ခာပိုင်းတွေမှာ လိုအပ်ချက်တွေရှိလာနေတယ်” ဟု မိုးဗြဲ PDF တာဝန်ခံက ပြောသည်။

မိုးဗြဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုများရှိသလို စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့်လည်း ထိခိုက်မှုများရှိနေကြောင်း သိရသည်။

မိုးဗြဲမြို့သည် စစ်ကောင်စီတပ်မှ ကရင်နီပြည်နယ်အတွင်းရှိ ဒီမော့ဆို၊ လွိုင်ကော်ဒေသများသို့ ဝင်ရောက်နိုင်ရန် အရေးပါသည့်လမ်းကြောင်းတစ်ခုဖြစ်နေသည်။

မိုးဗြဲမြို့အပြင် ဖယ်ခုံနှင့် ဆီဆိုင်အနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts