Homeသတင်းတရနာကျေးရွာအတွင်းလက်နက်ကြီးကျပြီး ရွာအပြင်ဘက်တွင် မီးလောင်မှုဖြစ်ပွားခဲ့

တရနာကျေးရွာအတွင်းလက်နက်ကြီးကျပြီး ရွာအပြင်ဘက်တွင် မီးလောင်မှုဖြစ်ပွားခဲ့

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာတွင် ယနေ့ နံနက် ၉ နာရီကျော်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် ရွာအပြင်ဘက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကျိုက်မရောဒေသခံတို့ထံမှ သိရသည်။

ပစ်ခတ်မှုကြောင့် တရာနာကျေးရွာအပြင်ဘက်ရှိ ဗမာစုရပ်ကွက်တွင် နေအိမ်အပြင် ဌာနဆိုင်ရာအဆောက်အအုံအချို့ မီးလောင်နေခြင်းကြောင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

“အဲ့ရပ်ကွက်မှာက ရွှေ့ပြောင်းလုပ်သားတွေနေထိုင်နေကြတာ။ တရနာတိုက်နယ်ဆေးရုံနားမှာပဲ။ အိမ်ခြေ ၅၀ လောက်ရှိမယ်။ ဒါမဲ့ ဆေးရုံပါလားမပါလား ဘယ်နှအိမ်လောင်သွားလဲဆိုတာတော့ မသိရသေးဘူး။ခုထိတော့ အသံကြားနေရတုန်းပဲ” ဟု ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

တရနာရွာမှဒေသခံတို့ မတ်လ ၂၇ ရက်မှစပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့် ရွာစောင့်အဖြစ်ကျန်ရှိနေသည့် ဒေသခံအမျိုးသားအနည်းငယ်တို့သာ မီးငြှိမ်းသတ်နေရကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၈ ရက်နေ့ ဓမ္မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ မွန်းလွဲပိုင်းမှ ည ၉ နာရီအထိ ဗုံးကျဲတိုက်ခိုက်မှု ရှိခဲ့သည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၂၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါကော့ဘိန်းကျေးရွာအပြင် ကျိုက်မရောမြို့နယ်အတွင်းရှိ တရနာ၊ ကော့သတ်၊ ကော့စွယ်၊ သံကလောင်၊ ဓမ္မသ အစရှိသည့် ကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့်ချီ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts