spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းဓမ္မသကျေးရွာဝန်းကျင်ရှိ စစ်ရှောင်နေရသည့် ရွာများ နေအိမ်ဖောက်ထွင်းခံရမှုရှိနေ

    ဓမ္မသကျေးရွာဝန်းကျင်ရှိ စစ်ရှောင်နေရသည့် ရွာများ နေအိမ်ဖောက်ထွင်းခံရမှုရှိနေ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာဝန်းကျင်ရှိ စစ်ဘေးရှောင်နေသည့် ရွာများတွင် နေအိမ်ဖောက်ထွင်းခံနေရသည်ဟု ကျိုက်မရောဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီ ရေတပ်မှ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မကျေးရွာရှိနေအိမ် ၃၀၀နီးပါးက မီးလောင်ပြာကျရသည့်အပြင် အနီးနားရှိ သံကလောင်၊ တရနာနှင့် ကော့သတ်ရွာမှ ဒေသခံတို့ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

    အဆိုပါ စစ်ဘေးရှောင်နေသည့် ရွာများ၏ နေအိမ်ကို စစ်ကောင်စီတပ်နှင့်ခိုးစိုးလုယက်သူများက ဖောက်ထွင်းပြီး ပစ္စည်းများယူဆောင်သွားနေကြောင်း တရနာဒေသခံတစ်ဦးက ဆိုသည်။

    “အခုချိန်မှာ လူတွေက အိမ်မှာဘယ်သူမှ မနေကြတော့ဘူးလေ။ အိမ်မှာတစ်ယောက်မှရှိမနေတဲ့အခါကျတော့ သူခိုးတွေနဲ့ စစ်သားတွေက စားစရာမရှိရင် ဆိုင်ခန်းတွေကို လိုက်ဖောက် သူတို့ယူချင်တာကို ယူသွားနေတာရှိတယ်။ အသက်ဘေးလွတ်ရန်အတွက်ပြေးနေရတဲ့အချိန်မှာ တစ်ဖက်ကအိမ်ကိုလည်းစိုးရိမ်းနေရပြန်တယ်။” ဟု ဆိုသည်။

    နေအိမ်တန်ဖိုးကြီးပစ္စည်းများပျောက်ဆုံးမှုမရှိသေးသော်လည်း လူသုံးကုန် ပစ္စည်းအချို့နှင့် စားစရာတို့ ပျောက်ဆုံးနေသည်ဟု သိရသည်။

    ဒေသခံများက နေအိမ်ပိုင်ဆိုင်မှုပစ္စည်းများကို ပြန်လည်သယ်ယူရန်အတွက် ကျေးရွာအတွင်း စစ်ကောင်စီတပ်သားများကင်းလှည့်စောင့်ဆောင်းမှုများရှိနေသဖြင့် ပြည်သူများက ကြောက်လန့်လျှက်ရှိသည်။

    သို့သော် တိုက်ပွဲဖြစ်လာမည့်အချိန်တွင် ဓမ္မကျေးရွာကဲ့သို့ အရေးကြီးစာရွက် စာတမ်းများကိုအချိန်မှီပြင်ဆင်မှုမရှိမှာကို စိုးရိမ်နေသည့်ဒေသခံအချို့ နေအိမ်ဆီသို့ ပြန်လည်ဝင်ရောက်နေသူတို့လည်း ရှိနေသည်ဟု စစ်ရှောင်နေသည့်အခြားဒေသခံတစ်ဦးက ဆက်ပြောသည်။

    “ဓမ္မသလို့ လက်နက်ကြီးကြောင့် မီးလောင်မှုဖြစ်ပွားမှာကိုပဲစိုးရိမ်စိတ်ကများနေတယ်။ အဲလိုဖြစ်သွားရင် အချိန်မမှီတော့ဘူး။ ပြန်ရဲတဲ့သူတွေက ပြန်ယူနေတာတော့ရှိတယ်။ အဲ့ကြောင့် တစ်ချို့ရပ်ကွက်ကလူတွေဆိုရင် လက်နက်ကြီးကြောင့် မီးလောင်မှုကိုကာကွယ်ဖို့ရေပိုက်တွေစီစဉ်နေတာရှိတယ်။” ဟုဆိုသည်။

    လက်ရှိ ဓမ္မကျေးရွာအပါအဝင် အနီးဝန်းကျင်ရှိ လူနေကျေးရွာများကို ယမန်နေ့ ဧပြီလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်ပြီး ရာနှင့်ချီသည့် ဒေသခံတို့က ပြည်တွင်းပြည်ပရှိ အကူညီများနှင့် ဘေးလွတ်ရာနေရာတို့တွင် တိမ်းရှောင်နေရသည်။

    ကော့ဘိန်းနယ်မြေရဲစခန်းကို ပြီးခဲ့သော မတ်လ ၂၄ ရက်နေ့တွင် မွန်နှင့်ကရင်လက်နက်ကိုင်တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts