Homeသတင်းမြန်မာငွေ ၁ သိန်းကျပ်၊ ထိုင်းဘတ်ငွေ ၉၆၀ ဘတ်သာ ရောက်ရှိ

မြန်မာငွေ ၁ သိန်းကျပ်၊ ထိုင်းဘတ်ငွေ ၉၆၀ ဘတ်သာ ရောက်ရှိ

-

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ယနေ့ မတ်လ ၂၉  ရက်နေ့ ညနေပိုင်းတွင် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၉၆၀ ဘတ်သာ ရရှိနေသည်ဟု ထိုင်းမြန်မာနယ်စပ်ရှိ ငွေလဲလှယ်နေသူတို့  ပြောပြချက်အရ သိရသည်။

ယခုမတ်လ နောက်ဆုံးအပတ်အတွင်း မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ် ၉၈၅  ဘတ်တွင် ငြိမ်နေခဲ့ရာ ယနေ့တွင် ၂၀ ဘတ်အထိ ဘတ်ငွေတန်ဖိုး မြင့်တက်လာသည်ဟု သိရသည်။

ထို့ကြောင့် လက်ရှိတွင် ထိုင်းဘတ်ငွေပေးပြီး ကျပ်ငွေယူသူပိုများနေပြီး ထိုင်း- မြန်မာငွေလဲလုပ်ငန်းလုပ်ကိုင်သူတို့ အရူံးပေါ်နေသည်ဟု မြဝတီငွေမြို့တွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူက ဆိုသည်။

“ လောလောဆယ် ကျတော်တို့မှာ ငွေလွှဲတဲ့သူထက် ဘတ်ပေး ကျပ်ယူသမားတွေက ပိုများတယ်၊  မြန်မာငွေဈေးကျလို့ ကျတော်တို့လည်း အရူံးပေါ်သွားတယ် အခု မြန်မာငွေမလဲဘူး
ထိုင်းဘတ်ပဲလဲတယ်” ဟု  ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သင်္ကြန်မတိုင်မှီကာလတွင် ထိုင်းဘတ်ဈေးကျဆင်းနေသော်လည်း လက်ရှိ ပြည်တွင်းမလုံခြုံမှုနှင့် တိုက်ပွဲအခြေအနေတို့ကြောင့် မြန်မာကျပ်ငွေ ကိုင်ဆောင်သူနည်းပါသွားသည်ဟု ဆက်ပြောသည်။

ထိုင်းဘတ်ဈေးမြင့်တက်လာသည်နှင့်အမျှ ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများလည်း အမျိုးအစားပေါ်လိုက်၍ ကျပ် ၂ ထောင်အထိ ဈေးနှုန်းမြင့်တက်နိုင်ကြောင်းလည်း ဆိုသည်။

ထိုင်းဘတ်ငွေဈေးနှင့်အတူ ပြည်တွင်း ရွေဈေးကွက်တွင်လည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၄ သိန်း၊ အမေရိကန်တစ်ဒေါ်လာ  ၃၈၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts