Homeသတင်းစစ်ကောင်စီမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးနေသည့်လုပ်ငန်းစဉ်အချို့ ထပ်မံတင်းကြပ်ထား

စစ်ကောင်စီမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးနေသည့်လုပ်ငန်းစဉ်အချို့ ထပ်မံတင်းကြပ်ထား

-

စစ်ကောင်စီက စစ်မှုထမ်းဉပဒေထုတ်ပြီးသည့်နောက်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးသောလုပ်ငန်းစဉ် အချို့ကို တင်းကြပ်လာကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်လျှောက်ထားလိုသူတို့သည် သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပေးသော UID နံပါတ်ခေါ် စမတ်ကတ်ကို ရရှိထားမှာသာ နိုင်ငံကူးလက်မှတ်စာအုပ်ကို ထုတ်ပေးမည်ဟု နိုင်ငံကူးလက်မှတ်ရုံးတို့မှ ပြီးခဲသည့် မတ်လ ၁၉ ရက်နေ့က အသိပေးပြောဆိုလာသည်။

ယင်းသို့ပြောဆိုလာသော်လည်း နိုင်ငံသားစိစစ်ရေးကဒ်ဖြင့် လာရောက်လျှောက်ထားခြင်းကို လက်ခံနေသေးပြီး နောင်တွင် စမတ်ကတ်ဖြင့်သာ လက်ခံနိုင်ဖွယ်ရှိသည်ဟု လဝက ရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အခုပြောနေတဲ့ စမတ်ကတ်အကြောင်းက လိုတဲ့လူလည်းရှိတယ်၊ မလိုတဲ့လူလည်းရှိတယ်၊ကိုယ်ဝင်တဲ့ ကုမ္ပဏီ(ပွဲစား)အပေါ်မှာပဲမူတည်တယ်ပေါ့ ပြီးတော့ အခုလောလောဆယ်က စမတ်ကတ်မလိုပဲ မှတ်ပုံတင်နဲ့လုပ်လို့ရသေးတယ်။ နောက်ဆိုင်ရင် အကုန်လုံးလိုလာမှာလား အဲ့တာတော့မသိရသေးဘူး" ဟုဆိုသည်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် နိုင်ငံကူးလက်မှတ် ပြုလုပ်လျှောက်ထားသူ ပိုများလာသည့်အတွက် ယခုကဲ့သို့ ထပ်မံတင်းကြပ်လာခြင်း ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။

UID နံပါတ်ခေါ် စမတ်ကတ်ကို မရရှိသေးတဲ့ပြည်သူတို့ကိုလည်း သက်ဆိုင်ရာ လဝကရုံးတွင် အမြန်ဆုံး သွားရောက်လျောက်ထားရန်လည်း ပြည်တွင်းနိုင်ငံကူးလက်မှတ်ရုံးမှ အသိပေးပြောဆိုနေသည်။

နိုင်ငံကူးလက်မှတ်ဈေးနှုန်းမြင့်တက်လာပြီး အချို့တွင်ငွေကြေးမတတ်နိုင်သည့်အတွက် တဖက်နိုင်ငံကို တရားမဝင်လမ်းကြောင်းဖြင့်သာ ဝင်ရောက် အလုပ်လုပ်ကိုင်ကြကြောင်း သိရသည်။

“စစ်မှုထမ်းဉပဒေထုတ်ပြီးစစချင်းမှာ မော်လမြိုင်ပတ်စပို့ရုံးမှာ လူပြည့်နေရောပဲ၊ အခုက ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်၊ ဘာလို့လဲဆိုတာတော့ လူများတော့ အချိန်ကလည်းကြာတယ်။ဈေးနှုန်းကလည်းမြင့်လာတယ်၊ တစ်ချို့က အချိန်ကြာတာစောင့်မနိုင်တော့ တရားမဝင်လမ်းကြောင်းကနေသွားကြတယ်" ဟု ဆိုသည်။

ပတ်စပို့ ပုံမှန်ပြုလုပ်လျှောက်ထားသူတို့သည် ငွေကျပ်သောင်းဂဏန်းလောက်သာကုန်ကျသော်လည်း ၁၄ ရက်အတွင်း ရယူလိုသူတို့အနေဖြင့် ပွဲစားများအား ဝန်ဆောင်ခအဖြစ် ကျပ် ၁၀ သိန်းအထိပေးနေရကြောင်းသိရသည်။

စစ်မှုထမ်းဉပဒေဂယက်ကြောင့် ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသူတို့ကို ယခုမတ်လအတွင်း ၄၀၀ ကျော်အထိရှိနေပြီး နေ့စဉ်ခိုးဝင်သူတို့လည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts