Homeသတင်းရေးမြို့နယ် ကျေးရွာအချို့မှာ လျှပ်စစ်မီတာခ ၂၇၀၀ အထိဈေးတက်လာ

ရေးမြို့နယ် ကျေးရွာအချို့မှာ လျှပ်စစ်မီတာခ ၂၇၀၀ အထိဈေးတက်လာ

-

မွန်ပြည်နယ် ၊ရေးမြို့နယ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ကျေးရွာတချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၇၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံထားသည်ဟု ရေးဒေသခံတို့ထံမှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံထားရာကနေ ဖေဖော်ဝါရီလတွင် သုံးစွဲထားသည့် လျှပ်စစ်မီတာခကို မတ်လတွင် တစ်ယူနစ် ကျပ် ၂၇၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဟု ရေးမြို့နယ် ခေါ်ဇာဒေသခံတစ်ဦးက ဆိုသည်။

“ အစက ၃၀၀၀ ကနေ ၂၀၀၀ ကျတယ်၊ အခု ဒီလမှာ ၂၇၀၀ပြန်တက်သွားတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တုန်းက ၁၉၀၀ ကောက်တယ် အခု ဒီမတ်လ ၂၅ ရက်နေ့ရောက်ရင် ၂၇၀၀ ကောက်ခံသွာမယ်"ဟု ဆိုသည်။

ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးဖြန့်ဝေနေသည့် ဌာနမှ မီးစက်နှင့် လျှပ်စစ်မီးရရှိအောင်လည်ပတ်နေရသည့်အတွက် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအပေါ် မူတည်ပြီး မီတာခတိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီတို့အပြင် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးအဖွဲ့မှလည်း မီတာခ တိုးမြှင့်ကောက်ခံထားခြင်းကြောင့် လျှပ်စစ်မီးမသုံးစွဲနိုင်သည့် နေအိမ် ပိုမိုများပြားလာကြောင်း သိရသည်။

ရေးမြို့နယ် ဒေသခံအမျိူးသမီးတစ်ဦးက " ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတယ်ဆိုတော့ စားဖို့သောက်ဖို့ အနိုင်နိုင် အခုလို မီတာခ ဈေးတက်လာတော့ ကျမတို့ မသုံးစွဲနိုင်ဘူးလေး အဲကြောင့် မီးဖြတ်ခံရတယ် ဆိုလာမီးလည်း မသုံးနိုင်ဘူး ဖယောင်းတိုင်မီးပဲသုံးနိုင်တော့တယ်”ဟု ဆိုသည်။

လက်ရှိတွင် မနက် ၆နာရီမှ ည ၉ နာရီအထိသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိပြီး လျှပ်စစ်မီတာခ ဈေးနှုန်း မြင့်တက်လာမှုကြောင့် ဒေသခံ အများစု နေအိမ်မီးလင်းရုံမျှသာ သုံးစွဲနေရကြောင်း သိရသည်။

အလားတူ ရေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်းများမှလည်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် လျှပ်စစ်မီတာခ ၁၈၀၀ ကျပ်ကနေ ၂၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံခဲ့ကြောင်းသိရသည်။

ရေးမြို့နယ်တွင် အစိုးရ လျှပ်စစ်မီး မရရှိခြင်းကြောင့် ကိုယ်ထူကိုယ်ထ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများအပြင် ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝယ်ယူသုံးစွဲနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts