Homeသတင်းKIA ဌာနချုပ်အနီး စခန်းသိမ်းတိုက်ပွဲများ စတင်

KIA ဌာနချုပ်အနီး စခန်းသိမ်းတိုက်ပွဲများ စတင်

-

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီ၏ အခြေချတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်တို့က ယနေ့နံနက်ပိုင်းစပြီး ဝင်ရောက်တိုက်ပြီး စခန်းတွေကို စတင်သိမ်းပိုက်နေပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

KIA ပူးပေါင်းတပ်ဖွဲ့တို့က ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၁၂ နေရာခန့်ကို မတ်လ ၇ ရက်နေ့ နံနက်ပိုင်းကစပြီး တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ် သတင်းရင်းမြစ်တစ်ဦးက “စခန်းသိမ်းတာတွေရှိပါတယ်။ မီးလောင်တာတွေလည်းရှိတယ်။ စခန်းနာမည်တွေကိုတော့ အတိအကျမသိရသေးပါဘူး” ဟု ပြောသည်။

တိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် KIA ဘက်မှ တစ်စုံတရာထုတ်ပြန်လာခြင်းမရှိသေးပေ။

လိုင်ဇာအနီးရှိ ရွှေညောင်ပင် စခန်း၊ ရှဒန်ပါ စခန်းနှင့် အင်တပ်ဘွမ် စခန်းတို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်းလည်း အဆိုပါသတင်းရင်းမြစ်ထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကြား တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် ကချင်ပြည်နယ်တွင် “0307 Operation” စတင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts