spot_img
Wednesday, June 12, 2024
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင်စစ်ကောင်စီတပ်ဖွဲ့တို့ နေရာအနှံ့ဝင်ရောက်နေ

    မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင်စစ်ကောင်စီတပ်ဖွဲ့တို့ နေရာအနှံ့ဝင်ရောက်နေ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် ယမန်နေ့ (မတ်လ ၄ ရက်)ရက်နေ့က  စစ်ကောင်စီစစ်ကြောင်းအဖွဲ့တို့ဝင်ရောက်ခဲ့ပြီး ယနေ့(မတ်လ ၅)ရက်နေ့အထိ ကလော့သော့၊  တောင်ပကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာတို့တွင် တပ်စွဲထားဆဲဖြစ်သည်ဟု  ဒေသတွင်း သတင်းအရင်းမြစ်တို့ထံမှသိရသည်။

    NMSP- ADမှ ကမာဝက်မြို့နှင့် ကော့ပီထော်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့ကို လက်နက်နှင့်အတူ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ဖမ်းဆီးထိန်းခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းတို့ မုဒုံမြို့နယ်ကျေးရွာအတွင်း ယခုကဲ့သို့ဝင်ရောက်လာသည်ဟု မုဒုံမြို့နယ်ဒေသခံတစ်ဦးကဆိုသည်။

    “မနေ့က ညနေ၃နာရီလောက်မှာ စစ်သား ၃ ကားလောက် သူတို့တပ်သားတွေက ၆၀ ကျော်ကျော်လောက် တောင်ပရွာရဲ့ ဘုရားမှာနေကြတယ်။ ဒီနေ့အထိပဲ။  နေ့ဘက်မှာက ရွာပတ်ပြီးသွားလာတာကမရှိဘူး။ အဲ့မှာပဲအထိုင်ချထားတာ  ကလော့သော့မှာလည်းရှိနေတယ်။ အနီးနားကရွာတွေဆိုလည်း စစ်သားတွေရှိသွားလာ လှုပ်ရှားနေတာရှိတယ် ”ဟု ဆိုသည်။

    ထို့အပြင် ယနေ့ (မတ်လ ၅) ရက်နေ့တွင်လည်း  ကမာဝက်မြို့တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ထိုမှတဆင့် ရောင်ဒေါင်း၊ ကလော့သော့ ၊ တောင်ပ စသည့်ကျေးရွာတို့တွင်လည်း ဆက်လက်ဝင်ရောက်လာသည်ဟု ကမာဝက်မြို့ခံတစ်ဦးကပြောသည်။

    “မနေ့ကနေ့လည်လောက်မှာ ကမာဝက်ကိုစစ်ကြောင်းဝင်လာတာ အင်အား ၁၀၀ လောက်ရှိတယ်။ သူတို့ သစ်တွေကားပေါ်တင်သွားတာ အများကြီးပဲ၊ ဆယ်ကားလောက် လာယူသွားတာ။ အဲ့သစ်တွေကို သိမ်းလာတာကလည်း  တစ်ခုခုဆက်စပ်ရှိနေလို့ဖြစ်တာပဲ” ဟု ဆိုသည်။

    လက်ရှိ စစ်ကောင်စီတပ်တို့ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ရွာခံအများစု ထိန့်လန့်လျှက်ရှိပြီး အသွားအလာအနေထိုင် ဆင်ခြင်နေရကြောင်းလည်း ဆိုသည်။

    မတ်လ ၂ ရက်နေ့တွင် လက်နက်နှင့်အတူ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက်  NMSP- ADအဖွဲ့ဝင်၏ မိသားစုနှင့် ဆက်စပ်သူတို့ကို စစ်ကောင်စီတပ်ဖွဲ့တို့  လက်ရှိအချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

    NMSP- ADအဖွဲ့သည် မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရေးမြို့နယ်တို့တွင် နွေဦးတော်လှန်ရေးအင်အားစုတွေနှင့်ပူးပေါင်းပြီးစစ်ရေးလှုပ်ရှားနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များ ယခုလိုစစ်ကြောင်းထိုးဝင်ရောက်လာသည်ကို ရွာခံတို့က ထိတ်လန့်ကြောက်ရွံနေကြသည်။

    NMSP- ADအဖွဲ့သည် မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ သံဖြူဇရပ်မြို့နယ် နှင့် ရေးမြို့နယ်တို့ရှိ တော်လှန်ရေးအင်အားစုတို့နှင့် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားသွားမည်ဟု ထုတ်ပြန်လာပြီး စစ်ကောင်စီတပ်ဖွဲ့များ ယခုလိုဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားမည်ကိုလည်း ဒေသခံတို့ စိုးရိမ်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,000SubscribersSubscribe
    spot_img

    Latest posts