Homeသတင်းဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ တပ်ကုန်းရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့်နေရာ တော်လှန်ရေးတပ်ဖွဲ့တို့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယမန်နေ့ည ၉ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားသည့်နေရာကို တော်လှန်ရေးတပ်ဖွဲ့တို့ လာရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အတွက် ပစ်ခတ်သံများ ဆူညံခဲ့ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးအသံတွေရော၊ လက်နက်ငယ်အသံတွေကိုပါ ကြားရတာ။ နာရီဝက်လောက် ပစ်ခတ်သံတွေကြားရပြီးတော့ ပြန်တိတ်သွားတယ်။ တိုက်ပွဲက မြို့ထဲကို ရောက်လာမှာကို လူတွေက ကြောက်နေကြတယ်” ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် ကားလမ်းပေါ် ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပျက်ဆီးခဲ့ကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံးများဖြစ်သည့် လဝကရုံး၊ ထွေ/အုပ်ရုံးတို့ကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘုရားသုံးဆူမြို့သည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင်မရှိတော့ပဲ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် DKBA က မြို့လုံခြုံရေးကို ဆောင်ရွက်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts