spot_img
Thursday, May 2, 2024
More
    spot_img
    Homeသတင်းနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထင်းရူးကျေးရွာ အုပ်ချုပ်ရေးရုံးမှ လုံခြုံရေးဆိုင်ရာ သတိပေးလာ

    နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထင်းရူးကျေးရွာ အုပ်ချုပ်ရေးရုံးမှ လုံခြုံရေးဆိုင်ရာ သတိပေးလာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီလ ၈၊ ၂၀၂၄။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှတစ်ဆင့် လုံခြုံရေးဆိုင်ရာ သတိပေးလုပ်ဆောင်လာကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၆ ရက်နေ့မှစပြီး ထင်းရူးကျေးရွာရှိ ဒေသခံပြည်သူများ တပ်စခန်းအနီးအနားသွားလာခြင်းမပြုကြရန်နှင့် ည ၇ နာရီနောက်ပိုင်း အရေးပေါ်ကိစ္စတစ်စုံတစ်ရာမရှိလျှင် အသွားအလာမပြုကြရန် သတိပေးပြောဆိုလာကြောင်း ထင်းရူးဒေသခံတစ်ဦးက ဆိုသည်။

    “ ညဘက် ၇ နာရီနောက်ပိုင်းဆိုရင် အသွားအလာမလုပ်ကြဖို့ရယ်။ နောက်ပြီး အရေးကြီး ကိစ္စမဟုတ်ဘူးဆိုရင် ကားကြီး၊ ကားသေး ဆိုင်ကယ်တွေကို သွားလာခွင့်မပြုဘူးပေါ့၊ နောက်ပြီး ပြည်သူတွေကို ရဲစခန်းဘက်နဲ့ ပေ ၅၀ အကွာလောက်ကနေ သွားလာကြဖို့ပေါ့။ ဖြစ်နိုင်ရင် ရဲစခန်းအနားကို မသွားကြနဲ့ အဲလိုတွေပေါ့” ဟု ဆိုသည်။

    လက်ရှိ ထင်းရူးကျေးရွာ ဒေသခံခြံသမားများအား လုံခြုံရေးဆိုင်ရာ ကန့်သတ်သတိပေးခြင်းမရှိသော်လည်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒေသခံခြံသမားအားလုံးနီးပါး လုပ်ငန်းရပ်ထားကြောင်း သိရသည်။

    ဒေသခံ ခြံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “ ခြံသမားက သွားလာလို့ရတယ် ဘယ်အချိန်အထိက မကန့်သတ်ထားဘူး။ ဒါမဲ့ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းလုံးဝ မသွားရဲကြဘူး။ ရဲစခန်း တပ်စခန်းနဲ့ နီးတဲ့ခြံတွေဆို စစ်ဆေးမေးမြန်းခံနေရတာရယ် လုံခြုံရေးအတွက် စိုးရိမ်နေရတာလည်းရှိတော့ လောလောဆယ် ခဏနားနေကြတာ”ဟု ၎င်းကပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထင်းရူးကျေးရွာနှင့် အနင်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သလို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လက်ရှိ ဒေသခံတို့လုံခြုံရေးအတွက် ဗုံးခိုကျင်းတူးဖော် နေကြကြောင်းလည်း သိရသည်။

    ၎င်းအပြင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးချိန်မှစပြီး ထင်းရူးကျေးရွာရဲစခန်းတွင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်နှင့် တပ်သားတို့ အင်းအာစုစည်းတိုးချဲ့ထားကြောင်း ဒေသခံတို့ ပြောကြားချက်အရ သိရသည်။

    တိုက်ပွဲအတွင်း ရေးမြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်တပ်ရင်းမှ လက်နက်ကြီးဖြင့်ပစ်ကူနေသည့်အတွက် ဒေသခံပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း လက်ရှိတွင် နေရပ်ကို ပြန်လာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts