Homeသတင်းထားဝယ်၊ မယ်ဝေးတောင်ပေါ်ရှိ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် သိမ်းပိုက်

ထားဝယ်၊ မယ်ဝေးတောင်ပေါ်ရှိ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် သိမ်းပိုက်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၈၊၂၀၂၄။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို Ba Htoo Army – BHA နှင့် ထားဝယ်စုပေါင်းစစ်ကြောင်း (DCC) တို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့ခြင်းကြောင့် အလွယ်တကူသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စခန်းက တပ်သား ၅ ယောက်လောက်ပဲရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့်အခု စခန်းက အနီးနားမှာ ခမရ ၄၀၁ ၊ ခမရ ၄၀၂ တို့ရှိတယ်။ အဲဒီစခန်းကိုဝင်သိမ်းခဲ့တာပါ” ဟု ပြောသည်။

အဆိုပါ စခန်းသည် သာသနာ့ နယ်မြေအတွင်းတွင် ဖြစ်သောကြောင့် စခန်းကုန်းကို မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ပြန်လည်ဆုတ်ခွာခဲ့သည့်ညတွင် အဆိုပါ စခန်းကုန်းသို့ စစ်ကောင်စီ၏ ခမရ တပ်ရင်းများမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

May be an image of text that says "BAHTOO ARMY"

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts