spot_img
Thursday, July 17, 2025
More
    spot_img
    Homeသတင်းအိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံး

    အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၄။

    လုံလောက်သည့် ဆေးဝါးကုသမှု မရရှိသည့်အတွက် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်သည်။

    ပုဒ်မ ၅၀၅(က) ဖြင့် ၂၀၂၁ ခုနှစ် မတ်လအတွင်းက ချမ်းအေးသာစံတရားရုံးမှ ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရသည့် အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည့် ကျောက်ကပ်ရောဂါဖြင့် မန္တ‌လေးဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

    မယဉ်မိုးသည် နေမကောင်စဉ်အချိန်အတွင်း ပြည်ပဆေးရုံတွင် ဆေးကုသမှုပေးရန် တောင်းဆိုခဲ့မှုကြောင့် ထောင်အာဏာပိုင်တို့က ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း လုံခြုံရေးမပေးနိုင်ဟုဆိုကာ ပြင်ပဆေးရုံတွင် ကြာရှည်စွာ ဆေးဝါးကုသခွင့်မပေးဘဲ ကုသမှုခံယူနေရစဉ်အတွင်း မန္တလေးဆေးရုံကြီးမှ အိုးဘိုအကျဉ်းထောင်သို့ ၆ ကြိမ်တိုင်တိုင်ပြန်လည်ခေါ်ယူမှုများရှိခဲ့‌ကြောင်း PPNM က ထုတ်ပြန်ထားသည်။

    နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် ကျောက်ကပ်ရောဂါရှိနေကြောင်းကို အချိန်မှီ မသိရှိရခြင်း၊ ရောဂါဖြစ်နေစဉ်အတွင်း လုံလောက်သည့် ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခြင်း၊ ပြင်ပဆေးရုံတွင် အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း PPNM က ထုတ်ပြန်ထားသည်။

    အကျဉ်းထောင်တို့တွင် လုံလောက်သည့် ဆေးကုသမှုမရရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသားသေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး ၂၀၂၄ ခုနှစ်အတွင်းမှာပင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူသေဆုံးမှု ၅ ဦးအထိ ရှိလာကြောင်း PPNM ၏ စာရင်းများအရ သိရသည်။

    PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက “တော်ရုံတန်ရုံ တိုက်ဆိုင်မှုလို့တော့ ကျွန်တော်က မထင်တော့ဘူး။ ထောင်အာဏာပိုင်တွေက ထောင်ဆေးရုံတွေကို လူသတ်ကွင်းတွေအဖြစ် ပြောင်းလဲနေပြီလို့ ကျွန်တော်တို့ထောက်ပြလို့ကိုရတဲ့အနေအထားမှာရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဘက်လက်ကနေ အကျဉ်းသားတွေကို သတ်ဖြတ်နေတယ်လို့ပဲ ကျွန်တော်က မြင်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့တောင်းဆိုနေတဲ့ မိသားစုနဲ့ တွေ့ဆုံချိန်မှာ နိုင်ငံခြားဆေးဝါးသွင်းခွင့်၊ အကျဉ်းထောင်ထဲမှာ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှု ရရှိခွင့်ပေါ့နော်။ နောက်ပြီး အရေးကြီးလူနာ အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေမှာ ကုသခွင့်ရရှိဖို့။ အခု ကျွန်တော်တို့တစ်ချက်ထပ်တိုးချင်တာက ပြင်ပဆေးရုံကိုပို့ပေးသည့်တိုင် လုံလောက်တဲ့ဆေးဝါးကုသမှုကို ပေးဖို့အချိန်ရရှိခွင့်ကို ကျွန်တော်တို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်သည့် ကိုရာရှင်(ခ)ဟာရှင်နှင့် ကိုပြည့်ဖြိုးအောင်၊ မကွေးအကျဉ်းထောင်မှ မစုမေအောင်၊ ကလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုကြည်ရအောင်တို့ သေဆုံးခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts