spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းစစ်ကြောင်းထိုးဝင်လာနေလို့ တိုက်ပွဲထပ်ဖြစ်မည်ကို ကျိုက်မရောဒေသခံများ စိုးရိမ်

    စစ်ကြောင်းထိုးဝင်လာနေလို့ တိုက်ပွဲထပ်ဖြစ်မည်ကို ကျိုက်မရောဒေသခံများ စိုးရိမ်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းဝင်ရောက်လာနေသည့်အတွက် တိုက်ပွဲထပ်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

    ကျိုက်မရောမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းရက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “အခုက စစ်တပ်က ကျေးရွာအနားတစ်ဝိုက်မှာပဲ ရှိနေတယ်။ ရွာမှာ ကျန်ခဲ့တဲ့လူတွေကို ဖုန်းကဒ်သိမ်းထားတယ်။ ဒေသခံဆို အားလုံးတိမ်းရှောင်နေကြတာ။ အခုထိ မပြန်ရဲ သေးဘူး။ ဒါပေမယ့် PDF တွေ မရှိနေတော့ တော်သေးတယ်။ သူတို့ဘက်က ထပ်လာရင် တိုက်ပွဲထပ်ဖြစ်မှာ” ဟု ထွက်ပြေးတိမ်း‌ရှောင်နေရသည့် မယ်တရို‌ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ခတ်ခြင်းလည်း မရှိတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    “တော်လှန်ရေးတပ်ဖွဲ့တွေ ထွက်သွားတော့တဲ့နောက်မှာ ဘာမှမဖြစ်တော့ဘူး။ လက်နက်ကြီးတွေနဲ့လည်း မပစ်တော့ဘူး။ ဘယ်သူမှ ရွာမပြန်ရဲသေးဘူး။ တော်လှန်ရေးဘက်ကလည်း ကော့ဒွန်၊ ကော့ပနော့၊ ဝယ်ငဲ့ဘက်မှာ အင်အားတိုးချဲ့ထားတယ်လို့ ကြားတယ်” ဟု အထက်ပါ မယ်တရို‌ဒေသခံက ဆက်ပြောသည်။

    ၎င်းပြင် ချောင်းနှစ်ခွတံတားနေရာတွင် စစ်ကောင်စီတပ်နှင့် BGF တပ်များ ဒီဇင်ဘာလ ၃ ရက်နေ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲထပ်ဖြစ်လာမည့်အခြေအနေရှိနေသည်ဟု ဒေသခံတို့က သုံးသပ်နေသည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရဲစခန်နှင့်ချောင်းနှစ်ခွတံတားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသတွင်း တိုက်ပွဲပြင်းထန်လာခဲ့သည်။

    တိုက်ပွဲကြောင့်နှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာဘက်က ချောင်းနှစ်ခွ၊ တောင်ကလေး၊ ကဒါ၊ လှကဇိုင်း၊ ပေါလောကုန်း အစရှိသည့်ကျေးရွာများနှင့် ပျားတောင်ဒေသဘက်က ကော့ဒွန်း၊ ကော့ပနော၊ မယ်ကရို၊ ဝဲငဲ့ အစရှိသည့်ကျေးရွာမှ ဒေသခံများ နှစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    တိုက်ပွဲသည့် ဒီဇင်ဘာလဆန်းပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသည့်အပြင် ဒေသတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက်ကြောင့် ဒေသခံများ ယခုချိန်ထိ နေရပ်မပြန်ရဲကြသေးသည့်အခြေအနေရှိနေသည်။

    ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရက်ကြာလာသည့်အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အခြေခံ ဆေးဝါးများ အကူအညီ လိုအပ်နေသည်ဟု ကူညီပေးနေသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks