Homeသတင်းကေအဲန်ယူ တပ်မဟာ ၂ နယ်မြေအတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခု စွန့်ခွာထွက်ပြေး

ကေအဲန်ယူ တပ်မဟာ ၂ နယ်မြေအတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခု စွန့်ခွာထွက်ပြေး

-

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၂၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခု စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ကေအဲန်ယူဗဟိုက ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်သည်။

ထန်းတပင်မြို့နယ်၊ မိုနေပွာကျေးရွာအုပ်စု၊ ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားသည့် စကခ-၂၀ လက်အောက်ခံ ခမရ−၅၈၁ တပ်စခန်းနှင့် ကလောမီဒဲကျေးရွာပိုင်မြေအတွင်း တပ်စွဲထားသည့် စကခ-၂၀ လက်အောက်ခံ ခမရ−၅၈၁ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ဇန်နဝါရီ ၂ ရက်နေ့တို့တွင် စခန်းမှ စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားခဲ့သည့် တပ်စခန်း၂ ခုကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၆ မှ ဝင်ရောက်ရှင်းလင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဖလေးဆာလိုတပ်စခန်းမှ ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားခဲ့သည့် ဖလေးဆာလိုတပ်စခန်းတွင် KNLA မှ ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက်ထားသည်မှာ ၆ လခန့်နှင့် ကလောမီဒဲတပ်စခန်းမှ ၃ လခန့် ကြာမြင့်ပြီဖြစ်သည့်အတွက် တပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒုက္ခများစွာ ခံစားရပြီးနောက်  စခန်းကို စွန့်ခွာထွက်ပြေးသွားဖြစ်ကြောင်း ကေအဲန်ယူက ဆိုထားသည်။

အဆိုပါတပ်စခန်းများသည် ၁၉၇၅ ခုနှစ်တွင် ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ် ဆုတ်ခွာသွားခဲ့ကာ ဒုတိယအကြိမ်အနေဖြင့် ၂၀၀၆ ခုနှစ်တွင် စစ်ကောင်စီတပ် တပ်မ ၆၆ မှ ဦးဆောင်ပြီး တောင်ငူခရိုင်အတွင်း နေထိုင်သော ကရင်လူမျိုးများအား “မြေလှန်စနစ်” ဖြင့် လူမျိုးတုန်း ရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဝင်ရောက်ကျူးကျော်လာခဲ့သည့် တပ်စခန်းများဖြစ်သည်ဟု ကေအဲအန်ယူ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts