Homeသတင်းနှစ်ကရင်-အနင်းကျေးရွာချင်းဆက်လမ်းပေါ်က တံတား ထပ်မံ မိုင်းခွဲခံရ

နှစ်ကရင်-အနင်းကျေးရွာချင်းဆက်လမ်းပေါ်က တံတား ထပ်မံ မိုင်းခွဲခံရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ နှစ်ကရင်-အနင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ သပြေချောင်းတံတား ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် သပြေချောင်းတံတားသည် အနည်းငယ် ထိခိုက်ပျက်ဆီးသွားခဲ့ကြောင်း လတ်တလောတွင် တံတားကြံ့ခိုင်မှုအရ ဆိုင်ကယ်နှင့် အိမ်စီးကားများကိုသာ သွားလာခွင့်ပြုထားကြောင်း ဒေသခံတို့က ဆိုသည်။

“တံတားပေါ်ကနေ ကားကြီးတွေကို ပေးမသွားတော့ဘူး။ တံတားပြိုကျသွားမှာ စိုးလို့ပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သပြေချောင်းတံတားသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့က ပထမအကြိမ် မိုင်းခွဲခံခဲ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ သပြေချောင်းတံတားသည် အရှည် ၁၃၀ ပေ၊ အကျယ် ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်ပြီး ဒေသတွင်း သွားလာရေးအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts