Homeသတင်းမော်လမြိုင်တွင် ရိုဟင်ဂျာ ၁၈ ဦး ဖမ်းဆီးရမိ

မော်လမြိုင်တွင် ရိုဟင်ဂျာ ၁၈ ဦး ဖမ်းဆီးရမိ

-

နိုဝင်ဘာ ၁၃၊ ၂၀၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ကျိုက်ခမီလမ်းမကြီးဘေးတွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၈ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ ကျိုက်ခမီလမ်းမကြီးဘေးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် ယာဉ်တစ်စီးကို သက်ဆိုင်ရာတာဝန်ရှိသူတို့က သွားရောက် စစ်ဆေးခဲ့ရာမှ ရိုဟင်ဂျာများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၁၈ ဦးထဲတွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လာသူများဖြစ်ကြောင်း၊ ၎င်းတို့သည် မွန်ပြည်နယ်မှတဆင့် ထိုင်းနိုင်ငံသို့ သွားမည့်သူများဖြစ်ကြောင်း သိရသည်။

အထောက်အထားမဲ့ ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦးထက်မနည်း ဖမ်းဆီးရမိခဲ့သည်ဟု စုဆောင်းထားသည့်အချက်အလက်များအရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတ၀ှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင်း တချို့ဆို တရားခံမပေါ်ဘဲ လမ်းတွင်ပင် သတ်ဖြတ်ခံရသည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts