Homeသတင်းသရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်ခံရ

သရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်ခံရ

-

အောက်တိုဘာ ၂၆၊ ၂၀၂၃

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့ရှိ သရက်ချောင်းမြို့မရဲစခန်း အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်များပါ တပ်စွဲထားသည့် သရက်ချောင်းမြို့ခံရဲစခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့သည်။

ရဲစခန်းတိုက်ခိုက်ခံရမှုတွင် သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ပစ်ကူခဲ့သည်လည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရဲစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ဒဏ်ရာရသူများလည်း ရှိနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြောသော်လည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ်ရင်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကတွဲရွာနှင့် ရငဲရွာကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့‌သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts