Homeသတင်းရေးမြို့ တံတားကြီးတိုက်ပွဲတွင် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးထိခိုက်ဒဏ်ရာရ

ရေးမြို့ တံတားကြီးတိုက်ပွဲတွင် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးထိခိုက်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ရေးတံတားကြီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲအတွင်း ကျုံလောင်ရွာသစ် ဒေသခံပြည်သူအမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းအချိန်က ရေးမြို့တံတားကြီးတွင် တပ်စွဲထားသည့် စစ် ကောင်စီ အခြေစိုက်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ ဒေသခံအမျိုးသားနှစ်ဦးကို ပစ်ခတ်လိုက်ခြင်းဖြစ် သည်ဟု ဒေသခံများထံမှ သိရသည်။

“တံတားကြီးနားက ရွာသစ်မှာ လက်နက်ကြီးအသံကြားလို့ အိမ်က ပြေးဆင်းလာတာကို ကင်း ပုန်းဝပ်နေတဲ့ စစ်တပ်က ပစ်လိုက်လို့ တစ်ယောက် သေသွားတယ်” ဟု ကျုံလောင်းရွာသစ်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ပစ်ခတ်မှုကြောင့် ကျုံလောင်းရွာသစ်နေ ဒေသခံအမျိုးသားနှစ်ဦးမှာ တစ်ဦးက ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးက အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့သည်ဟု အထက်ပါ ဒေသခံ၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား လူမှုကူညီရေးအဖွဲ့က ရေးခရိုင်ပြည်သူ့ဆေရုံသို့ ပို့ဆောင်လိုက်ပြီး  ကျည်ထိမှန်ဒဏ်ရာရအမျိုးသားတစ်ဦးက ရေးခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိသည်ဟု သိရသည်။

ထို့အပြင် ရေးမြို့ တံတားကြီးတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၄ ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၂၇ ဦး သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းနိုင်ခဲ့သည်ဟု မွန်ပြည် တော်လှန်ရေးတပ် MSRF ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက် ကျားတပ်ဖွဲ့ (YGF)နှင့် ABSDF တပ်ရင်း (၁) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts