Tuesday, May 12, 2026
More
    spot_img
    Homeသတင်းပေါင်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန် စစ်ကောင်စီ အမိန့်ထုတ်တားမြစ်

    ပေါင်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန် စစ်ကောင်စီ အမိန့်ထုတ်တားမြစ်

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်အတူမစီးရန် စစ်ကောင်စီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်တိုဘာလ ၁ ရက်နေ့က ဒေသန္တရအမိန့်ထုတ် တားမြစ်လိုက်သည်။

    အမိန့်ထုတ်ပြန်ချက်တွင် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးမစီးရ။ အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်းမပြုရ။ အမျိုးသားနောက်တွင် အမျိုးသမီးလိုက်ပါစီးနင်နိုင်သလို အမျိုးသမီးနှစ်ဦး စီးနိုင်ကြောင်း ပါရှိသည်။

    ညမထွက်မရအမိန့် ၁၄၄ ထုတ်ပြန်ထားသည့် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ဆိုင်ကယ်စီးနင်းခြင်း လုံးဝမပြုလုပ်ရန်လည်း တားမြစ်ထားသည်။

    ယခုလို တားမြစ်လိုက်ခြင်းကြောင့် ဆိုင်ကယ်ကိုသာ အဓိကအားထား သွားလာနေရသည့် ဒေသခံများအတွက် သွားလာရေး အခက်အခဲဖြစ်စေသည်ဟု ဆိုသည်။

    “ဒီဒေသက ဆိုင်ကယ်ကိုပဲ အသုံးများတယ်။ ဒီလို အမိန့်ထုတ်လိုက်တော့ သွားလာရေးအတွက် အခက်အခဲရှိလာမယ်။ အမျိုးသားနှစ်ဦး စီးမရဘူးဆိုတော့ ခြံသွားဘာညာဆို ပိုခက်သွားမယ်။ နောက် လုံခြုံရေးကလည်း စိုးရိမ်နေရသေးတယ်” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

    အမိန့်ကို ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်ပြီးလိုက်နာရန်ပျက်ကွက်ပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိန်းသိမ်းစစ်ဆေးခြင်းကို ခံရမည့်အပြင် ရာဇသတ်ကြီး ပုဒ်မ-၁၈၈ ဖြင့် တရားစွဲအရေးယူခံရမည်ဟု ထုတ်ပြန်ထားသည်။

    ပေါင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်ဝင်တွေနှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့်ဖြစ်စဥ◌်များ၊ လုယက်မှုဖြစ်စဥ◌်များတွင် ဆိုင်ကယ်ကို အသုံးပြုပြီး ဆောင်ရွက်နေသည့်အတွက် ယခုလို ဆိုင်ကယ်စီးနင်းခြင်းနှင့် ပတ်သက်သည့်အမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

    ပေါင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ဆိုင်ကယ်ဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

    မွန်ပြည်နယ်အတွင်းမှာ ပေါင်မြို့နယ်အပြင် ရေး၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုသည့်အမိန့် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks