spot_img
Sunday, May 19, 2024
More
    spot_img
    Homeသတင်းထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌအပါ နိုင်ငံရေးအကျဥ◌်သားအချို့ ပြန်လွတ်

    ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌအပါ နိုင်ငံရေးအကျဥ◌်သားအချို့ ပြန်လွတ်

    -

    ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်ဝေယံကျော်အပါအဝင် နိုင်ငံရေးအကျဥ်းသားအချို့ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ထားတယ်အကျဉ်းထောင်မှ ပြစ်ဒဏ်စေ့ပြီး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

    ပြန်လွတ်လာသူ ၁၄ ဦးတွင် ကိုအောင်ဝေယံကျော်၊ ကိုသုတတင်စိုး(ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်၊ ကိုဝေယံဌေးတို့ဖြစ်ပြီး ကျန်သုံးဦးအမည်ကို အတည်ပြုဆဲဟု ထားဝယ်နိုင်ငံရေးအကျဥ◌်းသားများကွန်ရက် (Dawei Political Prisoners Network-DPPN) က ထုတ်ပြန်ထားသည်။

    ပြန်လည်လွတ်မြောက်လာသူများသည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် ၃ နှစ်နှင့် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ (စ) အတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် အမိန့်ချမှတ်ခံထားရသူများဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ပြစ်ဒဏ်ကျခံရတာက ၄ နှစ်ဆိုပေမယ့် လျှော့ရက်နဲ့ဆိုတော့ မနေ့ (အောက်တိုဘာလ ၁ ရက်) ကတည်းက ပြစ်ဒဏ်က စေ့သွားပါတယ်။ ဒါပေမယ့် မနေ့က တနင်္ဂနွေဖြစ်နေလို့ ဒီနေ့မှ လွှတ်လိုက်တာ” ဟု ၎င်းက ပြောသည်။

    ကိုအောင်ဝေယံကျော်အပါအဝင် ၉ ဦးတို့သည် ၂၀၂၁ ခုနစ် မတ်လ ၁၈ ရက်နေ့က ထားဝယ်မြို့၊ ပေါ်ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီတပ်တို့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းချိန် တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    လွတ်ရက်စေ့ပြီး ပြန်လွတ်လာသူများထဲတွင် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အကျဥ်းသား ၅ ဦးလည်း ပါဝင်ကြောင်းအကျဉ်းထောင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ကလည်း ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၃ ဦးအပါအဝင် အကျဥ်းသား ၃၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

    ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဥ◌်သား ၄၀၀ နီးပါးအထိ ရှိနေဆဲဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts