spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရေးတွင် အရပ်သားကားတစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

    ရေးတွင် အရပ်သားကားတစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်း(တောင်)ကျေးရွာအနီးတွင် အရပ်သားကားတစ်စီး ပစ်ခတ်ခံရပြီး ယာဥ◌်မောင်းအပါအဝင် အမျိုးသားနှစ်ဦး သေဆုံးပြီး ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ရေးမြို့နယ် စိန်ကြီးကျေးရွာနေ အသက် ၅၁ နှစ်အရွယ် ဦးစိုးအောင်သည် စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်က အိုင်ရှည်ကျေးရွာရှိ ၎င်း၏ဘကြီးဖြစ်သူ အသက် ၇၀ ကျော် ဦးဘအေး၊ ဒေါ်တင်ဝင်းအပါအဝင် စုစုပေါင်း ၆ ဦး လိုက်ပါစီးနင်းလာသည့်ကားသည် ကျောင်းရွာကျေးရွာမှ သင်္ဃကျွန်းကျေးရွာသို့ ပြန်လာစဥ◌် ကျောက်မိကျောင်း(တောင်)ကျေးရွာအနီးအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင် ဦးအောင်စိုးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ဦးဘအေးသည် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ကလေးတစ်ဦးနှင့် ဒေါ်တင်ဝင်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သေဆုံးသူတို့နှင့် ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

    “ကျန်တဲ့သူတွေပြောပြတာက သူတို့(သေနတ်သမား)က သေနတ်ဖောက်ပြီး ကားကိုရပ်ခိုင်းတာ။ အဲမှာ တိုက်ပွဲဖြစ်တယ်ထင်ပြီး မောင်းတော့ ဟိုကနေ ပစ်ထည့်လိုက်တယ်။ ပစ်ပြီးတော့ သူတို့ လာကြည့်သေးတယ်။ လာကြည့်ပြီးတော့ မှားသွားပြီးဆိုပြီ ပြောပြီးပြန်ပြေးထွက်သွားတယ်လို့ ပြောတယ်။ ဘယ်အဖွဲ့ကလည်းဆိုတာတော့မသိဘူး။ သူတို့လူက တစ်ယောက်နှစ်ယောက်မဟုတ်ဘူး။ အဲမှာ လူခွဲပြီး စောင့်နေကြတယ်။ စိုးအောင်ကတော့ ဆေးရုံမရောက်ဘူး ဆုံးသွားတယ်။ သူ့ဘကြီးကတော့ ဆေးရုံရောက်ပြီးမှ ဆုံးသွားတယ်” ဟု ၎င်းက ဆိုသည်။

    ပစ်ခတ်ခံထားရသည့်ကားကို ကြည့်ခြင်းအားဖြင့် လက်နက်ငယ်ဖြင့် ၁၀/၁၅ ချက်ခန့် ပစ်ခတ်ခံထားရသည်ဟုလည်း ဆိုသည်။

    အဆိုပါ အရပ်သားကား ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ယင်းစက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်အချိန်တွင် ကျောင်းရွာကျေးရွာအနီး၌ စစ်ကောင်စီ အမှတ် (၅၉၁) ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးနှင့်အဖွဲ့စီးနင်းလာသည့်ကားကို ရေးဘီလူးအဖွဲ့က စောင့်ကြို ပစ်ခတ်ရှင်းလင်းခဲ့သည့်ဖြစ်စဉ်ရှိခဲ့သည်။

    ဒေသခံတို့က စိန်ကြီးကျေးရွာမှ အရပ်သားကား ပစ်ခတ်ခံရသည့်ဖြစ်စဥ◌်နှင့် အမှတ် (၅၉၁) ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကား ပစ်ခတ်ခံရသည့်ဖြစ်စဥ◌် ဆက်စပ်မှုရှိသည်ဟု ဆိုနေသော်လည်း ရေးဘီဘူးအဖွဲ့ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးသလို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ရေးမြို့နယ်အတွင်း အရပ်သားကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားနှင့် ဆိုင်ကယ် ပစ်ခတ်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိပြီး အရပ်သား ထိခိုက် သေဆုံးခဲ့သည်လည်းရှိခဲ့သည်။

    ပြီးခဲ့သည့် ြသဂုတ်လအတွင်းက ခရီးသည်တင်ကား ပစ်ခတ်ခံရသည့်ဖြစ်စဉ် နှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အရပ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks