Homeသတင်းဖမ်းခံရသည့် ရင်းငြိမ်ရွာခံများ နှစ်ပတ်ကျော်ကြာလာသည်အထိ အဆက်အသွယ်မရသေး

ဖမ်းခံရသည့် ရင်းငြိမ်ရွာခံများ နှစ်ပတ်ကျော်ကြာလာသည်အထိ အဆက်အသွယ်မရသေး

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် ဒေသခံများ နှစ်ပတ်ကျော်ကြာလာသည့်အထိ အဆက်အသွယ်မရသေးသည့်အတွက် မိသားစုဝင်များ စိုးရိမ်ပူပန်နေကြကြောင်း ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်တို့ထံမှ သိရသည်။

ရင်းငြိမ်တောင်ကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးကျားကြီးသည် စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး ညနေပိုင်းခန့်တွင် စစ်ကောင်စီတပ်သားများ အရပ်ဝတ်ဖြင့် ရွာထဲဝင်လာပြီး ဒေသခံ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ ဒေသခံ ၈ ဦးကို သထုံမြို့နယ်အတွင်းရှိ တပ်နယ်တစ်ခုသို့ ခေါ်ဆောင်သွားသည်ဟုသာ ကြားသိရပြီး မည်သည့်တပ်နယ်သို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ယခု ရက်သတ္တနှစ်ပတ်ကျော်ကြာလာသည်အထိ အဆက်အသွယ်မရသေးကြောင်း ၎င်းတို့အတွက် အသက်အန္တရာယ်စိုးရိမ်မိကြောင်း ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“မိသားစုဝင်အနေနဲ့ကတော့ စိတ်ပူနေတာပေါ့။ သေလား ရှင်လားလည်း ဘာမှ မသိရဘူး” ဟု ၎င်းမိသားစုဝင်က ပြောသည်။

အလားတူ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တို့မှ ပေါင်မြို့နယ် ဥတ္တံတားကျေးခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးခဲ့သူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၂) ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ငွေကြေးနှင့် စားနပ်ရိက္ခာများထောက်ပံ့ထားသည့် အထောက်အထား တွေ့သည်ဟုဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထား‌ကြောင်း သိရသည်။

ကျန်ရှိနေသူများကိုလည်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့၏ ပြောကြားချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts