Homeသတင်းရေးအခြေစိုက် ခမရ ၅၈၇၊ ၅၈၈ တပ်ရင်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

ရေးအခြေစိုက် ခမရ ၅၈၇၊ ၅၈၈ တပ်ရင်းကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်

-

မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ ၅၈၈ လက်အောက်ခံတပ်ဖွဲ့များနှင့် ခမရ ၅၈၇ တပ်ရင်း ကင်းတဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် ခမရ ၅၈၇ တပ်ရင်းရှေ့ရှိ ကင်းတဲစခန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနှင့် ကြိုးတံတားကြားရှိ စစ်ကောင်စီ ခမရ ၅၈၈ လက်အောက်ခံတပ်ဖွဲ့ဝင်များကို PDF ပူပေါင်းတပ်တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နှစ်ရက်တာ တိုက်ခိုက်မှုဖြစ်စဥ◌်အတွင်း ခမရ ၅၈၇ မှ တပ်စိပ်မှူးတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့သလို ခမရ ၅၈၈ မှ တပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရမရှိမှုမရှိကြောင်း ပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ ကင်းစခန်းများကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts