spot_img
Sunday, January 18, 2026
More
    spot_img
    Homeသတင်းခရီးသွားများအတွက် သွားလာလည်ပတ်သင့်သည့် ခရီးစဥ်ဒေသ ၁၄ ခုကို စစ်ကောင်စီ ထုတ်ပြန်

    ခရီးသွားများအတွက် သွားလာလည်ပတ်သင့်သည့် ခရီးစဥ်ဒေသ ၁၄ ခုကို စစ်ကောင်စီ ထုတ်ပြန်

    -

    မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြမည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ဦးစားပေး သွားလာလည်ပတ်သင့်သည့် ခရီးစဥ်ဒေသ ၁၄ ခုကို စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားအကြံပြုချက် ထုတ်ပြန်လိုက်သည်။

    စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါ အကြံပြုချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံအပါအဝင် ရှမ်းပြည်နယ်က ပြင်ဦးလွင်၊ ကလော-တောင်ကြီး၊ အင်းလေး၊ ကချင်းပြည်နယ်က ပူတာအို၊ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ မာန်အောင်၊ တနသာႅရီတိုင်းက ကော့သောင်းနှင့် ကမ်းခြေများဖြစ်သည့် ငွေဆောင်၊ ချောင်းသာ၊ ငပလီတို့ ကို သွားလာလည်ပတ်သင့်သည့်နေရာအဖြစ် စစ်ကောင်စီက ထည့်သွင်းထားသည်။

    သို့ပေမယ့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာများစွာပိုင်ဆိုင်ထားသည့် ကရင်၊ ကယား၊ ချင်း၊ မွန်၊ စစ်ကိုင်း၊ မကွေး စသည့် ပြည်နယ်နှင့်တိုင်းအချို့က ခရီးသွားဒေသများကိုတော့ လက်နက်ကိုင် ပဋိပက္ခ ဆက်လက်ဖြစ်နေတာကြောင့် ခရီးသွားအကြံပြုချက်စာရင်းကနေ စစ်ကောင်စီ ဝန်ကြီးဌာနက ချန်လှပ်ထားသည်ကို တွေ့ရ သည်။

    စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စာရင်းအရ ပြီးခဲ့သည့် ၂၀၂၂ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၉၂၀၂၅ ဦးရှိခဲ့သည်။

    လာမည့်ပွင့်လင်းရာသီကာလအတွင်း ကမ္ဘာလှည့်ခရီးသွားများ လွယ်ကူစွာ လာရောက် လည်ပတ်နိုင်စေရေးအတွက် ပြည်ဝင်ခွင့်ဗီဇာစနစ်နှင့် ကျန်းမာရေးဆိုင်ရာကန့်သက်ချက်များ ဖြေလျှော့ပေးနိုင်ဖို့ကို စစ်ကောင်စီ ဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်းလည်း သိရသည်။

    စစ်တပ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွါးလျက်ရှိနေသည့် မြန်မာနိုင်ငံအတွင်းက မွန်၊ ကရင်၊ ကယား၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်း၊ မကွေး၊ တနသာႅရီတိုင်းဒေသကြီးများဆီကို ခရီးမသွားကြဖို့ ဗြိတိန်နိုင်ငံသားများကို ဗြိတိန်အစိုးရက တားမြစ်ထားတယ်လို့ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts