Homeသတင်းရာမညတပ်ဖွဲ့ တာဝန်ခံ နိုင်ချမ်း ချောင်းမြောင်းပစ်သတ်ခံရ

ရာမညတပ်ဖွဲ့ တာဝန်ခံ နိုင်ချမ်း ချောင်းမြောင်းပစ်သတ်ခံရ

-

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ အလယ်စခန်းနှင့် သဲချောင်းကြားကျေးရွာကြားတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရာမညတပ်ဖွဲ့ တာဝန်ခံ နိုင်ချမ်း ချောင်းမြောင်းပစ်သတ်ခံရကြောင်း သိရသည်။

နိုင်ချမ်းသည် ဆိုင်ကယ်ဖြင့် သဲချောင်းကျေးရွာဘက်မှ အလယ်စခန်းကျေးရွာသို့ မောင်းနှင်လာစဉ် လမ်းတွင် ချောင်းမြောင်းပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

နိုင်ချမ်း ပစ်သတ်ခံရသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် စုံစမ်းလျက်ရှိပြီး အသေးစိတ်ကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း နိုင်ချမ်းနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ ဆိုင်ကယ်ဖြင့် စေ◌ျးဝယ်ထွက်ချိန် ရေးမြို့နယ်၊ မာန်အောင်ကျေးရွာအနီးတွင် ချောင်းမြောင်းပစ်ခတ်ခံရသေးသည်။

ထိုချောင်းမြောင်းပစ်ခတ်ခံရမှုဖြစ်စဥ◌်အတွင်း နိုင်ချမ်း ထိခိုက်မှုမရှိသော်လည်း ၎င်းနှင့်အတူ လိုက်ပါလာသည့် တပ်ဖွဲ့ဝင် သေဆုံးသွားခဲ့သည်ဟု ရာမညတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ချမ်းဦးဆောင်သည့် ရာမညတပ်ဖွဲ့သည် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်နယ်စပ်တလျှောက် လှုပ်ရှားနေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

နိုင်ချမ်းပစ်သတ်ခံရသည့်နေရာတွင် အလယ်စခန်းနှင့် သဲချောင်းကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်၊ ကေအဲန်ယူ၊ PDF နှင့် မွန်ပြည်သစ်ပါတီတို့ လှုပ်ရှားနေပြီး ပြီးခဲ့သည် ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts