Homeသတင်းထိုင်းရောက် နိုင်ငံခြားရွေ့ပြောင်းတွေ အလုပ်လုပ်ခွင့်ကဒ် လျှောက်ထားဖို ရက်တိုးသတ်မှတ်

ထိုင်းရောက် နိုင်ငံခြားရွေ့ပြောင်းတွေ အလုပ်လုပ်ခွင့်ကဒ် လျှောက်ထားဖို ရက်တိုးသတ်မှတ်

-

မြန်မာအပါအဝင် အိမ်နီးချင်း (၄) နိုင်ငံက လာတဲ့ရွေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့်ကဒ်ပြားလျှောက်ထားဖို သတ်မှတ်ရက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ သက်တမ်းတိုးပေးတယ်လို သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမား (၂ ဒသမ ၇၄) သန်းရှိတဲ့အထဲမှာ မြန်မာနိုင်ငံသား (၅) သိန်းခန့်ရှိသည်။ လွန်ခဲ့သောမေလကတည်းက အလုပ်လုပ်ခွင့် Work Permit သက်တမ်း ကုန်ဆုံးသွားပေမယ့်လည်း ထိုင်းအစိုးရအနေဖြင့် ဒီလကုန်အထိ ဆက်လက်ခွင့်ပြုသွားမည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီကြားထဲမှာတော့ အလုပ်လုပ်ခွင့်ကဒ် Work Permit သက်တမ်းတိုးဖိုအတွက်ကို ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက တိုက်တွန်းထားပြီး သက်ဆိုင်ရာ Work Permit အလုပ်ရုံးများကလည်း အမြန်ဆုံးဆောင်ရွက်ပေးရန် ညွှန်ကြားထားသည်။

ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ရွှေ့ပြောင်းအလုပ်သမားများသည် (Visa) သက်တမ်းကုန်ဆုံးသည်ဖြစ်စေ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတိုမှ အလုပ်သမားများက တရားမဝင် ဝင်ရောက်လာသည်ဖြစ်စေ သက်ဆိုင်ရာ အလုပ်သမားရေးရာဝန်ကြီးဌာနကို အသိပေးပြီး အလုပ်လုပ်ခွင့်ကဒ်ပြား လျှောက်ထားနိုင်ကြောင်း ပြောကြားထားသည်။

NGO အဖွဲအစည်းတစ်ခုဖြစ်သည့် Migrant Working Group က မြန်မာနိုင်ငံမှအလုပ်သမားများ သည် ဗီဇာနှင့် Work Permit ပြုလုပ်ရာတွင် ထိုင်းအစိုးရအနေဖြင့် ပွဲစားလုပ်သူ၏ ခေါင်းပုံဖြတ်မှုအပေါ် တိတ်ဆိတ်နေတာတော့ မဖြစ်သင့်ဘူးလို ထောက်ပြပြောဆိုထားသည်။

ထိုင်းနိုင်ငံသည် အလုပ်ကြမ်းများဖြစ်သည့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ စက်ရုံးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတိုတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတိုမှ ရွှေ့ပြောင်းအလုပ်သမားတွေကို မှီခိုအားထားနေရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts