Homeသတင်းပေါင်မြို့နယ် ပြည်သူ့ပါတီဝင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

ပေါင်မြို့နယ် ပြည်သူ့ပါတီဝင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က ပြည်သူ့ပါတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းညွန့်ကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်၊ ည ၉ နာရီအချိန်ခန့်က ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ ဘူတာအပိုင်းနေ ဦးဝင်းညွှန့်ကို နေအိမ်တွင် စစ်ကောင်စီတပ်တို့က လာရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားသည်ဟု ဦးဝင်းညွှန့်နှင့် နီးစပ်သူတစ်ဦးက ပြော သည်။ 

“ဖော်တဲ့လူ ရှိပါလိမ့်မယ်၊ သူ့ဖုန်းကို (ရဲ၊ စစ်တပ်တွေ) ယူစစ်ကြည့်တော့ မက်ဆင်ဂျာမှာ ပြောထားတဲ့ စာတွေ ပေါ်သွားတော့ ဖမ်းဆီးခံရတယ်” ဟု အဆိုပါ နီးစပ်သူက ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ဦးဝင်းညွန့်ကို လက်ရှိတွင် ပေါင်မြို့မ ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်အထိ ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts