Homeသတင်းမြန်မာစစ်တပ်ကို လက်နက်တင်ပို့မှု ရပ်တန့်ဖို့ အိန္ဒိယကို လှုပ်ရှားသူတွေ တောင်းဆို

မြန်မာစစ်တပ်ကို လက်နက်တင်ပို့မှု ရပ်တန့်ဖို့ အိန္ဒိယကို လှုပ်ရှားသူတွေ တောင်းဆို

-

မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ရပ်တန့်ဖို့ အိန္ဒိယအစိုးရကို မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသည့် Justice for Myanmar အဖွဲ့က တောင်းဆိုလိုက်ပါသည်။

မြန်မာ တရားမျှတရေး Justice for Myanmar ၏ ပြောဆိုချက်အရဆိုလျှင် အိန္ဒိယမှ မြန်မာသို့ တင်ပို့ရောင်းချနေသည့် လက်နက်နှင့်စစ်ပစ္စည်းအချို့သည် ဆွီဒင်နိုင်ငံထုတ် လက်နက်ပုံစံ(ဒီဇိုင်း) ကို ယူထားသည်ဟု ဆိုပြီး အိန္ဒိယကို ဖိအားပေးဖို့ ဆွီဒင်နိုင်ငံကို ထပ်မံတောင်းဆိုထားသည်။

ဒါ့အပြင် ပြီးခဲ့သည့်သီတင်းပတ်က အိန္ဒိယဝန်ကြီးချုပ် Narendra Modi အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်ရာတွင် အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့ပါဝင်သော စစ်ရေးမဟာမိတ် အစည်းအဝေးပွဲတခုကို တက်ရောက်ခဲ့သည်။

ထို့ကြောင့် မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချနေသည့် အိန္ဒိယကို ဖိအားပေးနိုင်ဖို့ အမေရိကန်အစိုးရကိုလည်း Justice for Myanmar က တောင်းဆိုထားသည်။

အဲဒီပစ္စည်းတွေတင်ပို့မှုက မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေကို အားပေးကူညီနေတာ ဖြစ်ပြီး နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်မှာရှိတဲ့ အိန္ဒိယရဲ့ တာဝန်ဝတ္တရားတွေနဲ့ Wassenaar အစီအစဥ်မှာပါတဲ့ ကတိကဝတ်တွေကို လျစ်လျူရှုနေကြောင်း Justice for Myanmar က ပြောသည်။

အိန္ဒိယနဲ့ မြန်မာစစ်အုပ်စုတွေဟာ ကာလရှည်ကြာ ဆက်ဆံရေးရှိနေသလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက မိန့်ခွန်းပြောကြားခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားတဲ့ စစ်သင်္ဘော ကြီးတွေ လိုအပ်နေပြီး စစ်သင်္ဘောကြီးတွေ အသုံးပြုနိုင်ဖို့ ရေတပ်အရာရှိတွေကို လေ့ကျင့် သင်ယူနိုင်ဖို့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ အပါအဝင် အခြားနိုင်ငံတွေဆီ ရေတပ်အရာရှိတွေ စေလွှတ်ထားကြောင်း အထူးအလေးပေး ထည့်သွင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ အစီရင်ခံစာအရ မြန်မာ့စစ်တပ်သည် လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေပြီး လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများ Crimes Against Humanities နှင့် စစ်ရာဇဝတ်မှုများ War Crimes ကျူးလွန်နေသည်ဟု ဆိုသည်။

မြန်မာစစ်အုပ်စုဟာ လက်ရှိအချိန်အထိ လူပေါင်း ၃၆၀၀ ကျော်ကို သတ်ပစ်ခဲ့ပြီး လူပေါင်း ၂၃,၃၀၀ ကို မတရားဖမ်းဆီးကာ အရပ်ဘက် စစ်ဘက် မခွဲခြားတဲ့ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကြီးပစ်ခတ်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဒသမ ၅ သန်းကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တယ်လို့ Justice for Myanmar က ထောက်ပြပြောဆိုထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts