spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ဘူတာကြီးအနီးက ကျူးကျော်နေအိမ်၊ ဆိုင်ခန်းများကို ဖယ်ရှား

    မော်လမြိုင်ဘူတာကြီးအနီးက ကျူးကျော်နေအိမ်၊ ဆိုင်ခန်းများကို ဖယ်ရှား

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းမကြီးဘေး၊ မြေနီကုန်းအဝေးပြေးကားဝင်းရှေ့ရှိ မီးရထားမြေပေါ်က ကျူးကျော်နေအိမ်နှင့် ဆိုင်ခန်းများကို စစ်ကောင်စီက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

    မော်လမြိုင် မီးရထားပိုင်မြေအတွင်းရှိ ကျူးကျော်နေအိမ်၊ ဆိုင်ခန်းများကို စစ်ကောင်စီက ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက အင်အားဖြင့် လာရောက်ဖယ်ရှားရှင်းလင်းခဲ့သည်။

    မော်လမြိုင် မီးရထားပိုင်မြေအတွင်း ကျူးကျော်များသည် ၁၀ နှစ်ကျော်ကြာ နေထိုင်လာသူများရှိသလို ဆိုင်ဖွင့်ရန်အတွက် မကြာခင်ကမှ ပြောင်းရွှေ့လာသူများလည်းရှိပြီး ယခုလို ဖယ်ရှားခံရသည့်အတွက် ဆက်လက်ရပ်တည်ရန်နှင့် စားဝတ်နေရေးအတွက် အခက်အခဲအကြုံတွေ့ရသည်ဟု ဆိုသည်။

    “နေတာက ကြာပြီ ၁၁ နှစ်လောက်ရှိပြီ။ ဆိုင်ဖွင့်ဖို့ ပြောင်းလာတာကနေ နေဖြစ်သွားတာ။ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ စိတ်ထဲဖြစ်တာလေ။ အခုလိုကြီး ကျတော့ ဘယ်အဆင်ပြေပါ့မလဲ” ဟု နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောသည်။

    မော်လမြိုင်ဘူတာကြီးနယ်မြေအတွင်းရှိ ကျူးကျော် နေအိမ်နှင့် ဆိုင်ခန်းများ မေလအကုန်တွင် အပြီးတိုင် ဖယ်ရှားပေးရန် မတ်လကတည်းက စာထုတ်ထားသည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ထိုသို့ စာထုတ်ထားပြီး သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းမရှိသောကြောင့် ဆိုင်နှင့် နေအိမ်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ‌ယခုလို ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

    “မီးရထားပိုင်မြေဖြစ်‌နေတဲ့အတွက် ဖယ်ပေးရမယ်လို့ သတိပေးစာတွေ ပေးပို့ထားတယ်။ သတ်မှတ်ရက်ပြည့်လို့ မဖယ်ဘူးဆိုရင် တာဝန်အရ ဆက်လုပ်ရမယ်ဆိုတာလည်း ရှင်းပြထားပါတယ်” ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ကျုးကျော်မြေအတွင်း လက်ဖက်ရည်ဆိုင်ဖွင့်ထားသူ အမျိုးသမီးကလည်း “ကိုယ်တိုင်ဖျက်မလား သူတို့ဖျက်ရမလားပေါ့။ ကိုယ်တိုင်ဖျက်ရင်တော့ လိုချင်တာတွေ ပြန်ယူလို့ရတယ်လေ။ သူတို့ဖျက်ပြီဆို ဘာမှယူမရဘူး” ဟု ပြောသည်။

    မီးရထားပိုင်နယ်မြေအတွင်းတွင် ကျုးကျော်နေထိုင်သည့် နေအိမ် နှင့် ဆိုင်ခန်း ၆၀ ကျော်ရှိပြီး ပြီးခဲ့သည့် NLD အစိုးရလက်ထက်ကလည်း ဖယ်ရှားရန် လုပ်ဆောင်ခဲ့သော်လည်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖယ်ရှားနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts