spot_img
Wednesday, February 12, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် လက်နက်ကြီးကျည်ကျကွဲပြီး နှစ်ကရင်ရွာသားတစ်ဦး ဒဏ်ရာရ

    စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကျကွဲပြီး နှစ်ကရင်ရွာသားတစ်ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ဖယ်ကျေးရွာရှိ စစ်ကောင်စီအမြောက်တပ် (၃၁၇) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ကရင်ရွာသားတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ အနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

    လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၆ နှစ်အရွယ် ကိုဂေါင်ကြီးဆိုသူ လက်နက်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

    “လက်နက်ကြီးကျည်တစ်လုံးက ရပ်ကွက် ၅ လောလုံးကွင်းအနီးက ဦးစိုးနိုင် ဖွင့်လှစ်ထားတဲ့ဆိုင်ကယ်ပြင်ရုံအနားမှာ ကျပြီး ပေါက်ကွဲတော့ ဦးစိုးနိုင်ရဲ့ သားဖြစ်သူ ကိုဂေါင်ကြီး မှာ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာက စိုးရိမ်စရာတော့ မရှိဘူးလို့ သိရတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၈ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီအမြှောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ ရှိ တရုတ်သင်္ချိုင်းအနီးတွင် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ နေအိမ် ၂ လုံးလည်း ပျက်ဆီးသွားခဲ့သည်။

    လက်ရှိတွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲနေခြင်းနှင့် ကျေးရွာအတွင်း အမည်မသိလက်နက်ကိုင်များ ရောက်ရှိလှုပ်ရှားနေကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြပြီး အချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြသည်လည်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts