Homeသတင်းဘီးလင်းမြို့နယ် ပိုင်ဒဝယ်ကျေးရွာ မူလတန်းကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ခံရ

ဘီးလင်းမြို့နယ် ပိုင်ဒဝယ်ကျေးရွာ မူလတန်းကျောင်း လက်ပစ်ဗုံးဖြင့် ပစ်ခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း (ပိုင်ဒဝယ်) ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ကျောင်းသို့ ဆိုင်ကယ်ဖြင့် အမည်မသိလူနှစ်ဦး ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

“ကံကောင်းတာက ကျောင်းတက်နေတဲ့အချိန်ဆိုတော့ ကလေးတွေက အတန်းထဲရောက်ကုန်ကြပြီ။ ဗုံးက ဘောလုံးကွင်းပေါ်ကျပြီး ပေါက်ကွဲတာ ကလေးတွေ ကစားနေတဲ့ချိန်ဆို မတွေးရဲစရာပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါ အမည်မသိလူနှစ်ဦးသည် ကျောင်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အလူးကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဆိုသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိသော်လည်း ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ စိုးရိမ်ပူပန်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ မူလတန်းကျောင်းတွင် ဆရာ၊ ဆရာမအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် တက်ရောက်သင်ကြားနေကြောင်း သိရသည်။

ပိုင်ဒဝယ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း လက်ပစ်ဗုံး ပစ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည်အဖွဲ့က မည်သည့်အကြောင်းကြောင့်လုပ်ဆောင်သည်ကိုတော့ မသိရှိရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts