Homeသတင်းမော်လမြိုင်မြို့နယ် ဖဲထော်ကျေးရွာတွင် သားအဖနှစ်ဦး အသတ်ခံရ

မော်လမြိုင်မြို့နယ် ဖဲထော်ကျေးရွာတွင် သားအဖနှစ်ဦး အသတ်ခံရ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာအုပ်စု၊ ဖဲထော်ကျေးရွာ လယ်ကွင်းတွင် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းက အသတ်ခံထားရသည့် သားအဖနှစ်ဦး၏ ရုပ်အလောင်း တွေ့ရှိကြောင်း သိရသည်။

ဖဲထော်ကျေးရွာ ကွင်းအမှတ် ၃၆၀ တွင် အသက် ၆၈ နှစ်အရွယ် ဦးမြင့်နှင့် ၎င်း၏သားဖြစ်သူ အသက် ၄၀ နှစ်အရွယ် ပုတ်ကြီး(ခ)အုံးဟန်တို့ နှစ်ဦး အသတ်ခံထားရသည့် ရုပ်အလောင်းကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က တွေရှိခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဘာကြောင့် အသတ်ခံရသလဲဆိုတာ သေချာ မသိရှိရသေးဘူး။ သေဆုံးသူတွေ ဘယ်သူဆိုတာပဲ သိရသေးတယ်။ အခုထိ စုံစမ်း‌စစ်ဆေးတာတွေ လုပ်နေတုန်းပဲရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

ဦးမြင့်၏ ရုပ်အလောင်းတွင် နဖူးပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်မျက်လုံးအပေါ် ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာဘက်ပါးပေါက်ပြဲဒဏ်ရာ ၁ ချက်နှင့် ဦးခေါင်းဝဲဘက် ဂျိုစောင်းပေါက်ပြဲဒဏ်ရာ ၁ ချက် တွေ့ရှိသည်ဟု ဆိုသည်။

၎င်း၏သားဖြစ်သူ ပုတ်ကြီး(ခ)အုန်းဟန်တွင်လည်း ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ နဖူး ဖူးရောင်ဒဏ်ရာ၊ ဝဲဘက်မျက်လုံးအောက် ပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးနေသည်။

သေဆုံးသူ သားအဖနှစ်ဦးသည် ဖဲထော်ကျေးရွာမှ လယ်လုပ်ကိုင်သူများဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သတ်ပြီး တရားခံများကို ဖမ်းဆီးရမိနိုင်‌ရေးအတွက် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts