Homeသတင်းမုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီရန် ပြည်တွင်းပြည်ပမွန်တွေကို မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့ နှိုးဆော်

မုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီရန် ပြည်တွင်းပြည်ပမွန်တွေကို မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့ နှိုးဆော်

-

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီထောက်ပံ့ကြရန် ပြည်တွင်း၊ ပြည်ပရှိ မွန်လူမျိုးများကို မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်သည်။

လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများကို ကူညီထောက်ပံ့နိုင်ရန် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့ ဦးဆောင်ပြီးလည်း အလှူငွေများ ကောက်ခံနေသည်လည်းရှိသည်။

မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့မှ ဦးဆောင်ပြီး မေလ ၂၄ ရက်နေ့မှစကာ မြို့နယ်အလိုက် အလှူငွေများ စတင်ကောက်ခံနေသည်ဟု မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဝါရဝံသက မိန့်ကြားသည်။

“ဘယ်လိုအလှူခံသွားမလဲဆိုရင် ဒီအဖွဲ့ကနေ မြို့နယ်အလိုက် နှိုးဆော်သွားမယ်။ ရလာတဲ့အလှူငွေတွေကိုစုပြီး လာမဲ့ နယုန်လပြည့်မှာ ပထမအကြိမ် ရခိုင်ဒေသခံတွေဆီကို သွားလှူမယ်။ ကျန်နေသေးတဲ့ အလှူရှင်တွေကိုလည်း နယုန်လကုန်မှာ ထပ်လှူသွားမယ်” ဟု မိန့်ကြားသည်။

ကနဦးက မုန်တိုင်းသင့် ရခိုင်ဒေသကို မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့အနေဖြင့်သာ သွားရောက် ကူညီထောက်ပံ့ရန် ဆုံးဖြတ်ထားသော်လည်း အလှူအင်အားများစေလိုသည့် ရည်ရွယ်ချက်ဖြင့်  မွန်ပြည်သူတစ်ရပ်လုံး ပါဝင်ကူညီနိုင်ရန် ယခုလို တိုက်တွန်း နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆရာတော်ဝါရဝံသက မိန့်ကြားသည်။

မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီကလည်း မုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် ငွေကျပ် သိန်း ၅၀၀ ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်ထံ ကူညီထောက်ပံ့ပေးခဲ့သည်။

ပြီးခဲ့သည့် မလ ၁၄ ရက်နေ့ ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုးခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်  ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုအပါအဝင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ မုန်တိုင်းဒဏ် ခံခဲ့ရသည်။  

မုန်တိုင်းသင့်ဒေသများကို ပြည်တွင်း ပြည်ပက လာရောက်ကူညီထောက်ပံ့နေသော်လည်း ယနေ့အထိ အကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts