spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်ဆီး

    ဘီးလင်းတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်ဆီး

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်ဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မေလ ၆ ရက်နေ့ ည ၉ နာရီခန့်က အလုံတောင်ခြေတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှ  အလူးကျေးရွာထဲ လက်နက်ကြီးဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

    လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးနေမျိုးကျော်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်စန်းရီဆိုသူတို့ လက်နက်ကြီးကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင်နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်ဆီးသွားကြောင်း ဒေသခံတို့ ပြောပြချက်အရ သိရသည်။

    “ရွာထဲ လက်နက်ကြီးကျည်ကျလို့ နှစ်ယောက်ထိသွားတယ်။ အိမ်တွေလည်း ထိခိုက်ပျက်ဆီးသွားတာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် လင်မယား ၂ ဦးကို ဘီးလင်းမြို့နယ်ဆေးရုံမှတဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်တို့မှ အလူးကျေးရွာထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၁၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးထက်မနည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်။

    ထိုသို့ စစ်ကောင်စီတပ်တို့မှ အလူးကျေးရွာထဲ လက်နက်ကြီးများဖြင့် ညတိုင်းနီးပါး ပစ်ခတ်မှုရှိနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks